တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 05/29/2024 - 04:14 -- bordertrade

               တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၈-၅-၂၀၂၄ မှ ၂၄-၅-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၂၁,၀၂၀.၃၆၅) တန်၊ တန်ဖိုး (၄.၇၃၉) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁၆၄.၆၀၀) တန်၊ တန်ဖိုး (၀.၀၉၁) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၃.၂၀၀)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၉၀.၀၀၀)တန်၊ တန်ဖိုး (၀.၁၃၈) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၄၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ သစ်ခေါက် (၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ (၅၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၂၀၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၅.၀၄၃) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်းလျှင် (၈၈၉.၂၈၇) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

           တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ် (၁၈-၅-၂၀၂၄ မှ ၂၄-၅-၂၀၂၄) တွင် ဓာတ်ဆီ (၂,၉၉၀) BBL၊ တန်ဖိုး (၀.၂၉၅) ဒေါ်လာသန်း၊ ဒီဇယ် (၃,၁၄၄) BBL ၊ တန်ဖိုး (၀.၃၃၄) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၃၄၈) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၁၄၆) ဒေါ်လာသန်း၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့် အခြားယာဉ်များ (၀.၄၃၇) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၀၂၈) ဒေါ်လာသန်း၊  ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၆၉) ဒေါ်လာသန်း၊ စက်ဆီချောဆီ (၀.၀၀၃) ဒေါ်လာသန်း၊ Mixed LPG Gas (၀.၀၃၆) ဒေါ်လာသန်း၊ သုတ်ဆေးနှင့် ပေါလစ်များ (၀.၀၃၉) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၂၆) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၂၄) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၀၀၁) ဒေါ်လာသန်း၊ ပရိဘောဂပစ္စည်းများ (၀.၀၀၉) ဒေါ်လာသန်း၊  မီးဖိုချောင် သုံးပစ္စည်းများ (၀.၀၁၀) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၇၆) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၁.၉၈၂) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages