ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အခြေအနေ

Thu, 06/20/2024 - 04:49 -- bordertrade

               ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက ဖြစ်သည်။

               ၂၀၂၄ ခုနှစ်၊ ဇွန်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၁၈.၀၀၀) သန်းဖြစ်ပြီး (၁၅-၆-၂၀၂၄) ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ (၁၀.၂၄၇) သန်း ဆောင်ရွက်နိုင်ခဲ့ သဖြင့် လျာထားချက်အပေါ် (၅၆.၉၂၇%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

             ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၇၇၈၅.၆၄၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၁၅၅) သန်းနှင့် သွင်းကုန် (၂၀၇၃.၃၃၂) တန်၊ (၁၀၈၅၀) U၊ (၁၃၁၂၇.၄၀၀) M2၊ (၄၄၀) BBL၊ (၆၄၈၀၀.၀၀၀) 2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၀၆၉) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၃.၂၂၄) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

            ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်း အုပ်စုတွင် (၃၁၈.၉၅၄) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၃၆၁) သန်း၊ လယ်ယာထွက်ပစ္စည်းအုပ်စုတွင် (၇၁၉၂.၉၆၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁.၆၉၆) သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၂၇၃.၇၂၁) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၉၈) သန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၂.၁၅၅) သန်း တင်ပို့နိုင်ခဲ့ ပါသည်။ ပို့ကုန်တိုးမြှင့်ရေးအဓိက ဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁) ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံ ထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက် တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၄၆၇၀၉.၈၅၆) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၀.၅၉၆) သန်းအား တင်ပို့နိုင်ခဲ့ပါသည်။

Border Trade News

Pages