EIF အကြောင်းသိကောင်းစရာ

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်

Thu, 10/06/2022 - 07:43 -- wtodep
Myanmar

နိဒါန်း

၁။  The Enhanced Integrated Framework (EIF) ဆိုသည်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုအတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ World Trade Organization (WTO) ၏ ကုန်သွယ်မှုဆိုင်ရာ အကူအညီပေးရေးအစီအစဉ်ဖြစ်ပြီး Aid for Trade ရရှိစေရေးကို ပေါင်းစပ်ဆောင်ရွက်သည့် အကူအညီပေးရေးအစီအစဉ်တစ်ခုပင်ဖြစ်ပါသည်။ EIF သည် ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရန် ကြုံတွေ့နေရသော ထုတ်လုပ်နိုင်မှုအဟန့်အတားများ (supply-side constraints) ကို ဖြေရှင်းပေးခြင်းဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ ကမ္ဘာ့ကုန်သွယ်မှုစနစ်တွင် ပိုမိုပါဝင်လာနိုင်ရေး ပံ့ပိုးကူညီနေသည့်ဘက်စုံအလှူရှင်နိုင်ငံများပါဝင်သော အစီအစဉ်တစ်ခုဖြစ်ပါသည်။ တစ်နည်းအားဖြင့် ထိုအစီအစဉ်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေရေး ရည်မှန်းချက်ပန်းတိုင်များရရှိရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်နေသော အစီအစဉ်ဖြစ်ပါသည်။

၂။  EIF အစီအစဉ်သည် လက်ရှိအခြေအနေတွင် အလှူရှင် (၂၄) နိုင်ငံ ထည့်ဝင်ထားသည့် နိုင်ငံစုံအလှူရှင်နိုင်ငံများ ရန်ပုံငွေ (သို့မဟုတ်) EIF Trust Fund ရန်ပုံငွေများဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံပေါင်း ( ၅၁) နိုင်ငံကို ကူညီပံ့ပိုးပေးလျက်ရှိပြီး  Partner Agencies များအနေဖြင့် UNWTO ၊ UNIDO ၊ WTO ၊ IMF ၊ ITC ၊ UNCTAD ၊ UNDP နှင့် World Bank တို့မှ အဓိက ပါဝင်ဆောင်ရွက်ပေးနေပါသည်။

EIF ၏ သမိုင်း

၃။  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဂျီနီဗာမြို့တွင် ၁၉၉၇ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ အဆင့်မြင့်အစည်းအဝေး (High-Level Meeting on Least Developed Countries) ၏ဆုံးဖြတ်ချက်အရ LDCs နိုင်ငံများ နိုင်ငံပေါင်းစုံကုန်သွယ်မှုတွင် ထိရောက်စွာပါဝင်နိုင်ရေးကို အထောက်အကူပြုနိုင်စေရန် အတွက် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအတွက် ကုန်သွယ်မှုဆိုင်ရာနည်းပညာ အထောက်အပံ့ပေးရေးမူဘောင် (Integrated Framework for Trade-Related Technical Assistance for Least Developed Countries-IF) ကို ချမှတ်အကောင်အထည်ဖော်ရန် စတင်ခဲ့ပါသည်။

၄။  ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဟောင်ကောင် (တရုတ်)၌ ကျင်းပပြုလုပ်ခဲ့သော ဆဌမအကြိမ်မြောက် ဝန်ကြီးများအဆင့်ညီလာခံတွင် (6th Ministerial Conference) အဖွဲ့ဝင် ဝန်ကြီးများမှ လက်ရှိဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို အကူအညီ ပေးနေသော (IF) အစီအစဉ်ကို အကူအညီများ အလုံအလောက်ရရှိရေးကို ရှေးရှုသည့် EIF အဆင့်မြှင့်တင်ရေးအစီအစဉ် (Enhanced Integrated Framework) သို့ အဆင့်မြှင့်တင်ရေး သဘောတူညီခဲ့သည်။ ယခုအခါ ရလဒ်အဓိကထားသည့် တာဝန်ယူ၍ တုန့်ပြန်မှုကိုပေးစွမ်းနိုင်သော EIF အစီအစဉ်ဖြစ်စေရေး ဘရပ်ဆဲလ်လုပ်ငန်းအစီအစဉ်နှင့်အညီ အကောင်အထည်ဖော်လျက်ရှိသည်။ ထို့အပြင် နိုင်ငံ၏အကူအညီပိုင်ဆိုင်မှု၊ ပိုမိုညှိနှိုင်းဆောင်ရွက်ရေး၊ EIF ပူးပေါင်းဆောင်ရွက်သူများ၏ ကတိကဝတ်နှင့် နိုင်ငံအဆင့်၊ ကမ္ဘာ့အဆင့်အုပ်ချုပ်မှုပုံစံ ပိုမိုခိုင်မာစေရေး ၊ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ လိုအပ်ချက်ကိုပြည့်မီသော တိုးမြှင့်ငွေကြေးရရှိ စေရေးတို့သည် EIF ၏ အဓိကထားဆောင်ရွက် သည့် လုပ်ငန်းစဉ်တို့ဖြစ်ပါသည်။

EIF ၏ ရည်ရွယ်ချက်

၅။  လက်တွေ့တွင် အကောင်အထည်ဖော်နိုင်သည့်ရလဒ်များကို ပြသနိုင်ရန် အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်သူ များအကြား စစ်မှန်သောပူးပေါင်းဆောင်ရွက်မှုတစ်ခုကို EIF အစီအစဉ်မှ ဖန်တီးပေးထားသည်။ အလှူရှင်များ၊ အဓိက ပူးပေါင်းဆောင်ရွက်သည့် အေဂျင်စီများ၊ လေ့လာသူအဆင့်ဖြင့် လိုက်ပါနေသောအေဂျင်စီများ၊ အမှုဆောင်အရာရှိချုပ်၊ ရန်ပုံငွေမန်နေဂျာနှင့် အခြားဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေသူများအကြား အနီးကပ်ပူးပေါင်းညှိနှိုင်းဆောင်ရွက်နေကြခြင်းသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့် အောက်ဖော်ပြပါအချက်များကို အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်ပါသည် -

              (က)       နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများတွင် ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ထည့်သွင်းစဉ်း

                           စားဆောင်ရွက်နိုင်ရန်၊

              (ခ)        ကုန်သွယ်မှုဆိုင်ရာ နည်းပညာများကို ရယူနိုင်ရေး ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ဆောင်ရွက်

                           မည့်ပုံစံတို့ကို ချမှတ်ထားနိုင်ရန်။

              (ဂ)         ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန် ကြုံတွေ့နေရသောထုတ်လုပ်နိုင်မှု အဟန့်အတားများ (supply-side

                             constraints) ကို ဖြေရှင်းနိုင်ရန် စွမ်းဆောင်ရည်မြှင့်တင်မှုများ တည်ဆောက်ထားနိုင်ရန်၊

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရှိ EIF အတွင်းရေးမှူးရုံးအဖွဲ့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ

၆။  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ EIF Steering Committee သည် EIF လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုရှိစေရေးနှင့် EIF ဆောင်ရွက်ချက်အကျိုးသက်ရောက်မှုများကို ပြန်လည်ဆန်းစစ်ခြင်းကို ဆောင်ရွက်ရသည်။ ၎င်းကော်မတီကို LDCs နိုင်ငံများ အားလုံး၊ ရန်ပုံငွေသို့ထည့်ဝင်သော အလှူရှင်နိုင်ငံများအားလုံး၊ EIF ပူးပေါင်းအကောင်အထည်ဖော်သည့်အဖွဲ့ (၈) ဖွဲ့၊ အတွင်းရေးမှူးရုံးနှင့် ရန်ပုံငွေမန်နေဂျာနှင့် EIF Board အဖွဲ့မှခွင့်ပြုထားသော လေ့လာသူအဖွဲ့များဖြင့် ဖွဲ့စည်းထားပါသည်။

၇။  EIF Board သည် EIF အစီအစဉ်အတွက် မူဝါဒများ၊ ဘဏ္ဍာရေးကိစ္စရပ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိစ္စရပ်များအတွက် အဆုံးအဖြတ်ပေးသည့် အဓိကဘုတ်အဖွဲ့ဖြစ်သည်။ အဆိုပါ ဘုတ်အဖွဲ့အား Capital based LDC သုံးနိုင်ငံမှ ကိုယ်စားလှယ်များ၊ အလှူရှင်ကိုယ်စားလှယ်များ၊ အဓိကနှင့် လေ့လာသူအဆင့်အေဂျင်စီများ၊ အမှုဆောင်အရာရှိချုပ်နှင့် ရန်ပုံငွေမန်နေဂျာတို့ဖြင့် ဖွဲ့စည်းထားသည်။

၈။    EIF  အမှုဆောင်အတွင်းရေးမှူးချုပ်ရုံး EIF Exceutive Secretariat သည် WTO ရုံးချုပ်တွင်တည်ရှိပြီး EIF  ရန်ပုံငွေမန်နေဂျာ EIF Trust Fund Manager အဖြစ်ဆောင်ရွက်သည့် United Nations Office for Project Services (UNOPS) နှင့်အတူတကွပူးပေါင်းပြီး အထောက်အပံ့ပေးရေးကိစ္စများကို ဆောင်ရွက်ရပါသည်။

EIF လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အလေးထားထည့်သွင်းစဉ်းစားဆောင်ရွက်သည့် အချက်များ

၉။  EIF လုပ်ငန်းစဉ်ကိုဆောင်ရွက်ရာတွင် နိုင်ငံများအနေဖြင့် အောက်ပါအချက်များကို အလေးထားထည့်သွင်းစဉ်းစားကာ ဆောင်ရွက်ကြောင်းသိရှိရပါသည် -

      (က)   မိမိနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးမူဝါဒကို အခြေခံဆောင်ရွက်ခြင်း။

      ( ခ )  ပြည်ပအကူအညီ အထောက်အပံ့များကို လက်ခံရယူဆောင်ရွက်ရာတွင် Beneficiary Country ၏ Ownership right

               အပြည့်အဝရှိမှုကို ထိန်းညှိ ဆောင်ရွက်ခြင်း။

      ( ဂ )  ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ မူဝါဒ၊လမ်းညွှန်ချက်များနှင့်အညီ မိမိအမျိုးသား

               အကျိုးစီးပွားကို ဦးထိပ်ထားကာ မိတ်ဝတ်မပြတ်ဆက်ဆံဆောင်ရွက်ခြင်း။

EIF လုပ်ငန်းစဉ်တွင် ပါဝင်သည့် အဓိကအဆင့်များ

၁၀။  EIF လုပ်ငန်းစဉ်တွင် အဓိကအားဖြင့် အောက်ပါလုပ်ငန်းအဆင့်များ ပါဝင်ပါသည်-

       (က)  ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံလေ့လာမှုအကြိုအဆင့်

               (Pre-Diagnostic Trade Integrated Study – Pre-DTIS) အဆင့်

       (ခ )  ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဘက်စုံလေ့လာမှုအဆင့်

               (Diagnostic Trade Integrated Study – DTIS) အဆင့်

       ( ဂ )  ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ် Tier 1 အဆင့်

       (ဃ)  ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်

Tier 2 ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ ကုန်သွယ်မှုဆိုင်ရာ အကူအညီများပေးသည့် EIF အစီအစဉ်ကို မြန်မာနိုင်ငံမှ ပါဝင်နိုင်ရေးဆောင်ရွက်ခြင်း

၁၁။  မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသို့ ကုန်သွယ်မှုအတွက် နည်းပညာ အကူအညီများထောက်ပံ့ပေးနေသောအစီအစဉ် EIF တွင်ပါဝင်၍ ကုန်သွယ်မှုအကူအညီများရယူခံစားနိုင်ရေးကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက်ရယူ၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၃ ခုနှစ်၊ ဧပြီလတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ EIF ဘုတ်အဖွဲ့က မြန်မာနိုင်ငံအား EIF အစီအစဉ် ခံစားခွင့်ရှိသောနိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုပေးခဲ့ပါသည်။

၁၂။  EIF အစီအစဉ်နှင့်ပတ်သက်ပြီး Awareness မြှင့်တင်ပေးရန် ရည်ရွယ်ကာ EIF Familiarization Workshop ကို UNDP နှင့် WTO တို့၏ ပံ့ပိုးကူညီမှုဖြင့် နေပြည်တော်တွင် ၂၀၁၃ ခုနှစ် ၊ ဇူလိုင်လ ၃၁ ရက်နေ့မှ သြဂုတ်လ ၁ ရက်နေ့အထိ နေပြည်တော် သင်္ဂဟဟိုတယ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

EIF လုပ်ငန်းစဉ်အတွက် အမျိုးသားအဆင့် လုပ်ငန်းအဖွဲ့ပြင်ဆင်ဆောင်ရွက်မှု

၁၃။  EIF လုပ်ငန်းစဉ်အတွက် အမျိုးသားအဆင့်လုပ်ငန်းဖွဲ့စည်းပြင်ဆင်ဆောင်ရွက်မှု (National Implementation Aggangements –NIAs) များကိုလည်း စနစ်တကျပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ EIF လုပ်ငန်းစဉ်အား မြန်မာနိုင်ငံကိုယ်စားပြု အနီးကပ် တာဝန်ယူကြီးကြပ်မည့်သူ (focal point-FP) အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ focal point - FP အား တာဝန်ခံပံ့ပိုးကူညီပေးမည့် လက်တွေ့အကောင်အထည်ဖော်မည့်အဖွဲ့ (Technical Team) ကို ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့က တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

၁၄။  EIF လုပ်ငန်းစဉ်အတွက် ပြည်ပအကူအညီများနှင့်ပတ်သက်ပြီး လိုအပ်သည့်ပေါင်းစည်းကူညီမှုများ ပြုလုပ်မည့် (Donor Facilitator-DF) အဖြစ် ဥရောပသမဂ္ဂအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

EIF အစီအစဉ်၏ ပထမအဆင့်ဖြစ်သော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံ လေ့လာမှုအကြိုအဆင့် (Pre-Diagnostic Trade Integrated Study – Pre-DTIS) အဆင့် ဆောင်ရွက်ချက်များ

၁၅။  EIF အစီအစဉ်၏ လုပ်ငန်းစဉ်များ မြန်မာနိုင်ငံ၌ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လေ့လာမှုအကြိုအဆင့်တွင် အသုံးပြုရန်အကူအညီ (Grant) ရရှိရေးအတွက် ကုလသမဂ္ဂအဖွဲ့ကြီး (UN) အောက်ရှိ စီမံကိန်းများနှင့် ပတ်သက်သည့် ဝန်ဆောင်မှုဆိုင်ရာရုံးအဖွဲ့ (United Nations Office for Project Services – UNOPS) နှင့် မြန်မာနိုင်ငံအကြား ငွေကြေး အကူအညီပေးရေးဆိုင်ရာနားလည်မှုစာချွန်လွှာ (Memorandum of   Understanding – MoU) အား လက်မှတ်ရေးထိုးခဲ့ပါသည်။

၁၆။  Pre-DTIS လုပ်ငန်းစဉ်များထဲမှ National Steering Committee (NSC) အစည်းအဝေးအား ၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီ သီးသန့်ဖြစ်သည့် Enhanced Intergrated Framewok (EIF) အစီအစဉ်အတွက် နိုင်ငံတော်အဆင့်ကြီးကြပ်လမ်းညွှန်မှုဆိုင်ရာကော်မတီ (National Steering Committee-NSC) အဖွဲ့အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်၍ စုစုပေါင်းအဖွဲ့ဝင် (၂၄) ဦးဖြင့် ၁၉-၅-၂၀၁၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ယခုအခါတွင် National Steering Committee-NSC အစား ၁၃-၁-၂၀၂၀ ရက်နေ့တွင်ဖွဲ့စည်းခဲ့သော EIF အစီအစဉ်၏ စီမံကိန်း ကြီးကြပ်လမ်း ညွှန်ဆိုင်ရာကော်မတီ (EIF Project Steering Committee) မှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကော်မတီအား စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ သို့သော် EIF Project Steering Committee အချို့သောအဖွဲ့ဝင်များ အပြောင်းအလဲရှိခြင်းကြောင့် Committee အား ၁၅-၁၂-၂၀၂၁ ရက်နေ့တွင် စုစုပေါင်းအဖွဲ့ဝင် (၁၇) ဦးဖြင့် ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။  

၁၇။  မြန်မာနိုင်ငံကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ အနှောင်အဖွဲ့မပါသောအကူ အညီဖြစ်သည့် Aid for Trade အစီအစဉ် အောက်ရှိ Enhanced Integrated Framework (EIF) အစီအစဉ်ပါ အကူအညီများအား ဆောင်ရွက်လျက်ရှိရာတွင် ၎င်းအစီအစဉ်များအား ကမ္ဘာ့ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးအဖွဲ့ UNOPS နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အကြား MOU ရေးထိုး၍ ငွေကြေးအကူအညီရယူကာ   ဆောင်ရွက်လျက်ရှိပါသည်။ 

EIF အစီအစဉ်၏ ဒုတိယအဆင့်ဖြစ်သော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံ လေ့လာမှုအဆင့် (Diagnostic Trade Integrated Study – DTIS) အဆင့် ဆောင်ရွက်ခြင်း

၁၈။  EIF အစီအစဉ်အောက်ရှိ DTIS ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ကမ္ဘာ့ဘဏ်မှ ကျွမ်းကျင် ပညာရှင်များ ဦးဆောင်၍ ၁၆-၉-၂၀၁၄ ရက်နေ့တွင် Park Royal Hotel နေပြည်တော်၌ သက်ဆိုင်ရာဌာနများမှ Trade Sector Working Group ၏ Focal Person များဖြင့် DTIS ၏ Action Matrix တွင် ထည့်သွင်းမည့်အချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

၁၉။  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  EIF  အစီအစဉ်အောက်ရှိ Diagnostic Trade Integration Study – DTIS လုပ်ငန်းစဉ်ကို World Bank မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကမ္ဘာ့ ဘဏ်မှကျွမ်းကျင်ပညာရှင်  Mr. Sjamsu  Rahardja  ပေးပို့လာခဲ့သည့် DTIS Draft Report နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးအား Trade Sector Working Group အဖွဲ့ဝင်များနှင့် ၁၇-၁၁-၂၀၁၅ ရက်နေ့တွင် အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါ သည်။

၂၀။  ကမ္ဘာ့ဘဏ်မှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံလေ့လာမှုအဆင့် (Diagnostic Trade Integrated Study – DTIS) လုပ်ငန်းစဉ်တွင် ကုန်သွယ်ရေးမူဝါဒများ၊ အားလုံးပါဝင်နိုင်မှု၊ အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ စီးပွားရေးစင်္ကြံများ၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးနှင့်ထောက်ပံ့ပို့ ဆောင်ရေးဟူ၍ လုပ်ငန်းကဏ္ဍအသီးသီး ပါဝင်ပါသည်။

ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ် Tier 1 အဆင့် ဆောင်ရွက်ခြင်း

၂၁။  EIF အစီအစဉ်အောက်ရှိ Tier 1 အဆင့်ဖြစ်သော ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းစဉ် Tier 1 အဆင့်တွင် လုပ်ဆောင်မည့် Proposal (မူကြမ်း) ပါ အချက်အလက်များကို ကြိုတင်လေ့လာပြီး ပြင်ဆင်အကြံပေးနိုင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာနအတွင်းရှိ   ဦးစီးဌာနများမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးကို ၁၆-၁၀-၂၀၁၄ ရက်နေ့တွင် မြေညီထပ်တိုးချဲ့အစည်းအဝေးခန်းမ၊ ရုံးအမှတ်(၃) နေပြည်တော်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

၂၂။  ထို့နောက်ဌာနအလိုက် သက်ဆိုင်ရာနယ်ပယ်များအတွက် သီးသန့်ဆွေးနွေးပွဲများကို လည်း ၁၇-၁၀-၂၀၁၄ ရက်နေ့မှ ၂၂-၁၀-၂၀၁၄ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ Tier 1 Project Proposal (မူကြမ်း) အား ကြိုတင်စိစစ်နိုင်ရန် EIF ဆိုင်ရာ အတွင်းရေးမှူးရုံး၊ UNOPS (United Nations Office for Project Services) နှင့် Donar Facilitator ဖြစ်သူ EU တို့အား    E-Mail ဖြင့်   စစ်ဆေးရန်ပေးပို့ခဲ့ပြီး၊    ပြန်လည်ရရှိလာသော  Tier 1   Project  Proposal အား  EIF ဆိုင်ရာ အတွင်းရေးမှူးရုံးနှင့် UNOPS (United Nations Office for Project Services) ရုံးများသို့ ပေးပို့နိုင်ရေး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှ လက်မှတ် ရေးထိုးခဲ့ပြီး EIF အတွင်းရေးမှူးရုံးသို့ ပေးပို့ခဲ့ပါသည်။

၂၃။  ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအကူအညီတစ်ရပ်ဖြစ်သော Enhanced Integrated Framework (EIF) အစီအစဉ်အောက်ရှိ Tier 1 Project Proposal အား EIF အတွင်းရေးမှူးရုံးမှ သဘောတူပြီးဖြစ်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် UNOPS တို့အကြား MoU ကို ဆောလျင်စွာ လက်မှတ်ရေးထိုးရန်အတွက် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ လက်မှတ်ရေးထိုးမည့် နားလည်မှု စာချွန်လွှာ (MoU) မူကြမ်းအပေါ် သဘောထားမှတ်ချက်များတောင်းခံခဲ့ပြီး သဘောထားမှတ်ချက်များရရှိ၍ နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲမှုကော်မတီသို့တင်ပြကာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်အရ MoU လက်မှတ်ရေးထိုးခဲ့ပါသည်။

၂၄။  ကုန်သွယ်မှုဆိုင်ရာအကူအညီများ (Aid for Trade) ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ဖွံ့ဖြိုးမှုအကူအညီများဆိုင်ရာ လမ်းညွှန်ချက်များနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ EIF အစီအစဉ်ဆိုင်ရာ လမ်းညွှန်ချက်များနှင့်ပတ်သက်၍ သိရှိနိုင်စေရန်နှင့် လိုအပ်သလို လိုက်ပါအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဌာန၏ပညာပေးအစီအစဉ်တစ်ခုအနေဖြင့် ဖြန့်ဝေသွားနိုင် ရန်ရည်ရွယ်၍ Guidelined of Aid for Trade စာအုပ်အား စနစ်တကျပုံနှိပ်ကာ Tier 1 Project အဆင့် စတင် အကောင်အထည်ဖော်ခြင်း အခမ်းအနားတွင် တက်ရောက်လာသူများအား စတင်မိတ်ဆက်၍ Guidelined of Aid for Trade စာအုပ် ထုတ်ဝေခဲ့ပြီးဖြန့်ဝေပေးနိုင်ခဲ့ပါသည်။

၂၅။  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော EIF နှင့် NES အပါအဝင် Aid for Trade လုပ်ငန်းစဉ်များအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် Working Level အဆင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားမည့် Unit တစ်ခုအနေဖြင့် ရည်ရွယ်၍ ၂-၁၀-၂၀၁၅ ရက်နေ့တွင် Aid for Trade Coordination Unit ဖွဲ့စည်းခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ သို့သော် Aid for Trade Coordination Unit အချို့သောအဖွဲ့ဝင်များ အပြောင်းအလဲရှိခြင်းကြောင့် ၁၇-၁၂-၂၀၂၁ ရက်နေ့တွင် ဝန်ကြီးဌာနမှ အရာထမ်း (၁၂) ဦးဖြင့် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၂၆။  EIF အစီအစဉ်အောက်ရှိ Tier1 Project အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ Exchange Programme ကို ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ ၆ ရက်နေ့မှ  ၉ ရက်နေ့ အထိ  ကျင်းပပြုလုပ်ခဲ့ပြီး  အဆိုပါ  Exchange Programme သို့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တို့ သွားရောက်ခဲ့ပါသည်။

၂၇။  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ရေးအကူအညီသီးသန့်ဖြစ်သော EIF လုပ်ငန်းစဉ်ပါ အကျိုးခံစားခွင့်ရှိသော ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးအကူအညီ များကို မြန်မာနိုင်ငံမှရယူခံစားနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ Aid for Trade လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် Tier 1 အဆင့်တွင် သင်တန်းများနှင့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေးတို့နှင့်ပတ်သက်၍ ၆-၁၁-၂၀၁၅ ရက်နေ့တွင် တိုးချဲ့အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် Tier 1 အဆင့်ဖြစ်သော ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှစတင်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာသင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Tier -1 အဆင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းအတွက် MoU သက်တမ်းတိုး ဆောင်ရွက် ခြင်းကိစ္စရပ်များ

၂၈။  Tier -1 အဆင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းလုပ်ငန်းစဉ်ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ရာ No Cost Extension (August 2018- August 2019) တစ်နှစ် ထပ်မံ သက်တမ်းတိုးနိုင်ရေးအတွက် UNOPS မှ Executive Officer ဖြစ်သူ Mr. Chakib Belhassan နှင့် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်တို့မှ ၉-၈-၂၀၁၈ ရက်နေ့၌ နားလည်မှုစာချွန်လွှာ (MoU)၏ Amendment No.5 တွင် လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ  Tier 1 အဆင့် စီမံကိန်း (၃) နှစ်တာကာလအတွင်းရှိ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအတွက် စောင့်ကြည့်လေ့လာ အကဲဖြတ်ခြင်း လုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့မှ ဇူလိုင်လ (၁၁) ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါသည်။

Tier 2 အဆင့် လုပ်ငန်းဆောင်ရွက်ချက်များ

၂၉။  Tier 2 လုပ်ငန်းစဉ်ဆိုသည်မှာ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဘက်စုံလေ့လာ ဆန်းစစ်ခြင်းအစီရင်ခံစာ၏ လုပ်ငန်းစဉ်များမှ ဦးစားပေးလုပ်ငန်းစဉ်အလိုက် Project များ ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်ဖြစ်ပါသည်။

၃၀။  ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းစဉ် Tier 2 အဆင့်အား ဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများမှ တင်ပြလာသော Action Matrix များကိုစုစည်း၍ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဝန်ဆောင်မှုကဏ္ဍနှင့် e-commerce ကဏ္ဍတို့အား ရွေးချယ်ကာ EIF အစီအစဉ်မှ ခွင့်ပြုပေးနိုင်မည့် အမေရိကန်ဒေါ်လာ (၂.၁) သန်း အထောက်အပံ့ငွေရရှိရေးအတွက် Myanmar Services Trade Enhancement (MSTEP) Project Proposal (Enhancing Service Trade for Digital Economy) (မြန်မာ့ဝန်ဆောင်မှု ကုန်သွယ်ရေး ကဏ္ဍမြှင့်တင်ခြင်းစီမံကိန်း) ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ EIF Board အဖွဲ့သို့ တင်ပြခွင့်ပြုချက် ရယူခဲ့ပါသည်။

၃၁။  Myanmar Services Trade Enhancement (MSTEP) Project Proposal အား ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့၏ (၁/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ ၏ (၂၂/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရလည်းကောင်း၊ စီးပွားရေးရာ ကော်မတီ၏ (၇/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များဖြင့် ဆောင်ရွက်ခဲ့ပါသည်။        

၃၂။  Tier-2 အဆင့် မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်း Myanmar Services Trade Enhancement Project (M-STEP) အား (၁၇-၆-၂၀၁၉ ရက်နေ့မှ ၁၆-၆-၂၀၂၂ ရက်နေ့အထိ) အကောင်အထည် ဖော်ဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့် United Nations Office for Project Services (UNOPS) တို့အကြား ၁၇-၆-၂၀၁၉ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ Memorandum of Understanding (MoU) ရေးထိုးကာ စီမံကိန်းလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ပါသည်။ 

Latest News: 
Subscribe to RSS - EIF အကြောင်းသိကောင်းစရာ