အမေးများသည့် မေးခွန်းနှင့်အဖြေများ

ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်

မေး -  ကုန်သွယ်မှုဆိုင်ရာအကူအညီပေးရေးအစီအစဉ်ဆိုတာ ဘာလဲ။ 
ဖြေ - ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရန်     ကြုံတွေ့နေရသော ထုတ်လုပ်နိုင်မှုအဟန့်အတားများကို ဖြေရှင်းပေးခြင်းဖြင့် ကမ္ဘာ့     ကုန်သွယ်မှုစနစ်တွင် ပိုမိုပါဝင်လာနိုင်ရေး ဘက်စုံအလှူရှင်နိုင်ငံများ၏ ထောက်ပံ့မှု     ဖြင့် ဆောင်ရွက်သည့် အစီအစဉ် The Enhanced Integrated Framework (EIF) ဖြစ်ပါသည်။


မေး - မြန်မာနိုင်ငံက ဘယ်အချိန်မှာ EIF အစီအစဉ်၏ အကျိုးခံစားခွင့်ရရှိခဲ့ပါသလဲ။ 
ဖြေ - ၂၀၁၃ ခုနှစ်တွင် အကျိုးခံစားခွင့်ရရှိခဲ့ပါသည်။ 


မေး - EIF အစီအစဉ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။
ဖြေ - နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများတွင် ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်     ရေးကို ထည့်သွင်းစဉ်းစားဆောင်ရွက်နိုင်ရန်၊ ကုန်သွယ်မှုဆိုင်ရာနည်းပညာများကို ရယူ     နိုင်ရေး ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သော ဆောင်ရွက်မည့် ပုံစံတို့ကို ချမှတ်     ထားနိုင်ရန်နှင့် ထုတ်လုပ်နိုင်မှုအဟန့်အတားများကို ဖြေရှင်းနိုင်ခြင်းအပါအဝင်     ကုန်သွယ်မှုတိုးတက်ရေးစွမ်းဆောင်ရည်မြှင့်တင်မှုများ တည်ဆောက်ထားနိုင်ရန် ဖြစ်ပါသည်။ 


မေး - EIF အစီအစဉ်ကို ရယူပါက ဘာတွေကို ဆောင်ရွက်ရပါသလဲ။ 
ဖြေ - EIF အစီအစဉ်ကို ရယူတဲ့နိုင်ငံတွေအနေနဲ့ အဆင့် (၄) ဆင့်ကို အကောင်အထည်ဖော်     ဆောင်ရွက်ရပါသည် - 
    ( ၁ )    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှုအကြိုအဆင့်၊
    ( ၂ )    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘက်စုံဆက်စပ်လေ့လာမှုအဆင့်၊     
    ( ၃ )    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့် (၁) နှင့် 
    ( ၄ )    ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆင့် (၂)။


မေး - မြန်မာနိုင်ငံအနေနဲ့ EIF အစီအစဉ်မှ ဘာအကျိုးရလဒ်တွေ ရရှိခဲ့ပါသလဲ။ 
ဖြေ - အကျိုးရလဒ်များအနေဖြင့် မြန်မာနိုင်ငံ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဘက်စုံဆက်စပ် ဆန်းစစ်လေ့လာမှုအစီရင်ခံစာနှင့် အဆိုပါဆန်းစစ်လေ့လာမှုအစီရင်ခံစာပါအချက်များကို အခြေခံ၍ ရေးဆွဲထားသည့် ကာလလတ်စီမံကိန်းတို့ကို ရေးသားထုတ်ဝေနိုင်ခဲ့ခြင်း၊ ကာလလတ်စီမံကိန်းပါအချက်များကို ကုန်သွယ်မှုနှင့်ဆက်စပ်သော သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ ပုဂ္ဂလိကဏ္ဍများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်း၊ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်းများ ဖွင့်လှစ်နိုင်ခြင်း၊ စီမံကိန်းဆိုင်ရာ အသိပညာဗဟုသုတ မျှဝေဆွေးနွေးပွဲများ ပြုလုပ်နိုင်ခဲ့ခြင်းနှင့် မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်းတို့ ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။ 


မေး - အောင်မြင်မှုအချက်တွေက ဘာတွေဖြစ်ပါသလဲ။ 
ဖြေ - EIF အစီအစဉ်မှတဆင့် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အချက်အလက်များ ဘဏ္ဍာတိုက်တည်ထောင်နိုင်ခဲ့ခြင်းနှင့် အီလက်ထရောနစ်နည်းလမ်းအသုံးပြုကူးသန်း ရောင်းဝယ်ခြင်း မဟာဗျူဟာ (မူကြမ်း) ရေးဆွဲနိုင်ခဲ့ပြီး လမ်းညွှန်ထုတ်ပြန်နိုင်ခဲ့ခြင်းတို့ ဖြစ်ပါသည်။