ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Tue, 12/05/2023 - 03:48 -- bordertrade

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့ နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း တို့ဖြစ်သည်။

၂၀၂၃ခုနှစ်၊နိုဝင်ဘာ၂၉ရက်နေ့မှဒီဇင်ဘာ ၀၃ ရက်နေ့အထိ ပို့ကုန်တန်ချိန်(၂၁၆၃)၊တန်ဖိုး အမေရိကန်ဒေါ်လာ(၂.၂၅၉)သန်းနှင့် သွင်းကုန်တန်ချိန် (၃၂၆)၊(၁၅၀၀)BBL၊ တန်ဖိုး အမေရိကန် ဒေါ်လာ(၀.၂၆၃)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ(၂.၅၂၁) ဒေါ်လာသန်းဖြစ်ပါသည်။ အများဆုံး တင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်း(၁၀)မျိုးမှာ ဆီအုန်းတန်ချိန် (၂၈၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၆၀၀၀.၀၀)၊ (၁)တန် ဈေးနှုန်း (၉၂.၈၅)အမေရိကန်ဒေါ်လာ၊ ငါးနီငယ်တန်ချိန်(၁၃၈.၆၂၀)၊တန်ဖိုး အမေရိကန်ဒေါ်လာ (၁၄၅၅၅၁.၀၀)၊ (၁)တန်ဈေးနှုန်း (၁၀၅၀) အမေရိကန်ဒေါ်လာ၊ ကဗျက်ငါး တန်ချိန်(၇၅.၇၂၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၈၁၇၇၇.၆၀)၊ (၁)တန်စျေးနှုန်း(၁၀၈၀)အမေရိကန် ဒေါ်လာ၊ငါးခွေးလျှာတန်ချိန်(၃၀.၄၉၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၃၄၁၄၈.၈၀)၊(၁)တန်စျေးနှုန်း (၁၁၂၀)အမေရိကန်ဒေါ်လာ၊ ကုလားကုတ်ငါးတန်ချိန် (၁.၉၆၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၀၅၇.၆၀)၊ (၁)တန်စျေးနှုန်း(၁၅၆၀)အမေရိကန်ဒေါ်လာ၊ငါးဝိုင်းတန်ချိန်(၃၆.၄၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၃၂၀၃၂.၀၀)၊(၁)တန်စျေးနှုန်း(၈၈၀)အမေရိကန်ဒေါ်လာ၊ ပလာတူးငါးတန်ချိန် (၅၂.၀၈၀)၊တန်ဖိုး အမေရိကန်ဒေါ်လာ (၅၁၀၃၈.၄၀)၊ (၁)တန်စျေးနှုန်း (၉၈၀)အမေရိကန်ဒေါ်လာ၊ ငါးရွှေတန်ချိန် (၅.၅၂၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၇၂၈.၀၀)၊ (၁)တန်စျေးနှုန်း (၁၄၀၀) အမေရိကန်ဒေါ်လာ၊ ပလာလန်းငါးတန်ချိန်(၁၉.၄၃၅)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၂၅၂၆၅.၅၀)၊(၁)တန်စျေးနှုန်း(၁၃၀၀) အမေရိကန်ဒေါ်လာ၊ကင်းမွန်တန်ချိန်(၅၈.၆၅၁)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၄၄၂၈၁.၄၆)၊(၁)တန် စျေးနှုန်း (၂၄၆၀) အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

အများဆုံးတင်သွင်းခဲ့သည့်သွင်းကုန်ပစ္စည်းမှာ ဒီဇယ်ဆီတန်ချိန်(၂၀၀)တန်၊တန်ဖိုးအမေရိ ကန်ဒေါ်လာ(၁၆၁၀၀၀.၀၀) ၊ (၁)တန်ဈေးနှုန်း (၈၀၅) အမေရိကန်ဒေါ်လာ၊ အိုင်အိုဒင်းဆားတန်ချိန် (၁၂၃)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁၁၀၀၀.၀၀)၊(၁)တန်ဈေးနှုန်း (၈၉.၄၃) အမေရိကန်ဒေါ်လာ၊ဓါတုဗေဒပစ္စည်းများ တန်ချိန် (၆၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၂၀၀၀.၀၀)၊ (၁)တန်ဈေး နှုန်း (၂၀၀) အမေရိကန်ဒေါ်လာ၊ ပီလောပီနံမှုန့် တန်ချိန် (၁၃၇)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၃၀၀၀.၀၀)၊ (၁)တန်ဈေးနှုန်း (၅၃၂.၈၄) အမေရိကန်ဒေါ်လာဖြစ်ပြီး ငါးသယ်လှေကုန် (၁)တန်ရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/- ကျပ်ရှိကြောင်း သိရှိရပါသည်။

Border Trade News

Pages