e-Government ဌာနခွဲ

၁။ e-Government လုပ်ငန်းများ စစ်တမ်း ကောက်ယူခြင်း။ အစိုးရအဖွဲ့အစည်းများ အပါအဝင် ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် e-Government လုပ်ငန်းများပေါင်းစပ် ညှိနှိုင်းခြင်း
၂။ e-Government လုပ်ငန်းများအတွက် လိုအပ်သောမူဝါဒများနှင့် ညွှန်ကြားချက်များ ညှိနှိုင်းရေးဆွဲခြင်း။ သတင်းအချက်အလက် လုံခြုံရေး၊ ဆိုက်ဘာလုံခြုံရေး အစီအမံများ ဆောင်ရွက်ခြင်း
၃။ e-Government လုပ်ငန်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်အတွက် ဝန်ထမ်းများအားလေ့ကျင့်သင်ကြားခြင်း၊ ဝန်ထမ်းများနှင့်ပတ်သက်သည့်အချက်အလက်များ ICT နည်းပညာဖြင့် ထိန်းသိမ်းခြင်း
၄။ နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦးများ ချဲ့ထွင်ခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲရန် ပြုပြင်ထိန်းသိမ်းခြင်း၊ အသုံးပြုသူများ၏ သိရှိနားလည်မှု တိုးတက် မြင့်မားလာစေရေး ပညာပေး အစီအစဉ်များ ဆောင်ရွက်ခြင်း
၅။ ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ကြေငြာချက်များအား Website လွှင့်တင်ခြင်း
၆။ သတင်းအချက်အလက် ကိန်းဂဏန်းများအား ICT နည်းပညာ သုံးစွဲ၍ စုစည်း ထိန်းသိမ်းခြင်း
၇။ e-Government နှင့် သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း
၈။ ဝန်ကြီးဌာနမှ တာဝန်ယူကြီးကြပ်သည့် အသင်းအဖွဲ့များ၏လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများအား ICT နည်းပညာဖြင့် သုံးသပ်၍ ထိန်းသိမ်းခြင်း
၉။ တိုင်းဒေသကြီး/ပြည်နယ်များနှင့် Network ချိတ်ဆက်၍ သတင်းအချက်အလက်များ စုဆောင်းခြင်း ဖြန့်ဝေခြင်း တို့ ဆောင်ရွက်နိုင်ရန် အစဉ်ကြီးကြပ်ခြင်း