စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်သည်  ၂၀၂၂ ခုနှစ်၊ မတ်လ ၁၅ ရက် (အင်္ဂါနေ့)၊ (၁၃:၀၀) နာရီအချိန်တွင် Virtual စနစ်ဖြင့်  ကျင်းပပြုလုပ်သော ဒုတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်သည်  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက် (တနင်္လာနေ့)၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် Online မှ Virtual စနစ်ဖြင့်  ကျင်းပပြုလုပ်သော ပထမအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေပါ ပြဌာန်းချက်များအပေါ် လုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေးအတွက် အသိပညာပေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ တိုင်ကြားမှုများအပေါ် လက်ခံဆောင်ရွက်ထားရှိ
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃ ရက်နေ့ နံနက် ၈:၄၅ အချိန်တွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်းအတွင်း မြန်မာနိုင်ငံယှဥ်ပြိုင်မှုကော်မရှင်ရုံး အဆောက်အဦဆောက်လုပ်ရန်အတွက် ပန္နက်တော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင် (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာစကားပြောကြားသည်။
စီးပွားရေးလုပ်ငန်းများပေါင်းစည်းခြင်းဆိုင်ရာယှဉ်ပြိုင်မှုအလုပ်ရုံဆွေးနွေးပွဲကို ၂၅-၁၀-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်အနေဖြင့် ယှဉ်ပြိုင်မှုဥပဒေအရ စီးပွားရေးလုပ်ငန်းအချင်းချင်း ပေါင်းစည်းခြင်း သို့မဟုတ် ရယူခြင်း ပြုလုပ်မှုများကြောင့် ဈေးကွက်ထဲရှိ အခြားစီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်ပျက်ပြားမှု မဖြစ်စေရန် ကြပ်မတ်ထိန်းကျောင်းရမည့် တာဝန်လည်းရှိပါသည်။
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် စတုတ္ထအကြိမ်ပုံမှန်အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
     မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင်များသည်  ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ  ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်(PCC)သို့ သွားရောက်၍ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်၏ ဖွဲ့စည်းဆောင်ရွက်မှု၊ လုပ်ငန်းဆောင်ရွက်မှု၊ ယှဉ်ပြိုင်မှုဥပဒေ၊ ယှဉ်ပြိုင်မှုမူဝါဒ၊ စီမံကိန်းရေးဆွဲ ဆောင်ရွက်မှု၊ စွမ်းအား အရင်းအမြစ် လှည့်လှည်သုံးစွဲမှု၊ အသိပညာပေးဆောင်ရွက်မှု၊ အမှုများ ကိုင်တွယ် ဖြေရှင်းမှုစသည့် အကောင်အထည်ဖော်ဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် အခြေ အနေများကို သွားရောက်လေ့
မကြာသေးမီက ကမ္ဘာ့ဈေးကွက်၌ ရေနံဈေးနှုန်းကျဆင်းခြင်းသည် ရောင်းလိုအား၊ ဝယ်လိုအားပြဿနာများနှင့် အနာဂတ်နှင့်ပတ်သက်၍ သေချာရေရာမှုမရှိခြင်းတို့ကြောင့်ဖြစ်ပြီး ဘဏ္ဍာရေးဆိုင်ရာဈေးကွက်များ ပြိုလဲပျက်စီးခြင်းကို ဖြစ်ပွားစေပါသည်။ သို့သော် ထိုသို့ ဈေးနှုန်း ရုတ်တရက်ကျဆင်းခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းများက အဘယ်နည်း? ၎င်းသည် ရေနံ တင်ပို့/တင်သွင်းမှုစီးပွားရေးအပေါ် မည်သို့အကျိုးသက်ရောက်မည်နည်း? ဝယ်လိုအား ========
ဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းများအချင်းချင်း ပူးပေါင်းခြင်း၊ စီးပွားရေးလုပ်ငန်း တစ်ခုမှ အခြားစီးပွားရေးလုပ်ငန်းတစ်ခုကို ဝယ်ယူခြင်းများသည် အခြားပြိုင်ဘက်စီးပွားရေး လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျစေရန်ရည်ရွယ်ပါက၊ ဈေးကွက်ကို စိတ်ကြိုက် ခြယ်လှယ်ရန်ရည်ရွယ်ပါက ယှဉ်ပြိုင်မှုဥပဒေအရ တားဆီးအရေးယူလျက်ရှိပါသည်။ ထို့အတူ စီးပွားရေးလုပ်ငန်းတစ်ခုသည် ဈေးကွက်အတွင်းလွှမ်းမိုးထားမှုအခြေအနေကို အလွဲသုံးစားပြုပြီး ထုတ်လုပ်မှုနှင့် ဈေးနှုန်းများကို မတရားသဖြင့် ထိန်းချုပ်နေပါကလည်း သုံးစွဲသူများကို နစ်နာစေသည့်အတွက် ယှဉ်ပြိုင်မှုဥပဒေများဖြင့် အရေးယူတားဆီးလျက်ရှိပါသည်။
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သည် ယှဉ်ပြိုင်မှုဥပဒေ ပုဒ်မ ၅၆ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ စီးပွားရေးလုပ်ငန်းများ (ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင်) အကြား လွတ်လပ်၍မျှတသောယှဉ်ပြိုင်မှု ဖြစ်ထွန်းပေါ်ပေါက်စေရေး၊ ဈေးကွက်တွင် မျှတသောယှဉ်ပြိုင်မှုကို တစ်ပြေးညီတိုးတက်လာစေရေး၊ သာတူညီမျှခံစားခွင့်ရရှိစေရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး တို့အတွက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ သိရှိနားလည်လိုက်နာဆောင်ရွက်ရမည့် အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ကန့်သတ်ချက်များနှင့်စပ်လျဉ်းသည့် အမိန့်အမှတ် (၂/၂၀၂၀) ကို ထုတ်ပြန်လို