၁။  စာပေနှင့်အနုပညာမူပိုင်ခွင့်အကာအကွယ်ပေးခြင်း စာပေနှင့်အနုပညာမူပိုင်ခွင့်တွင် အခွင့်အရေးအမျိုးအစား (၂)မျိုး ရှိပါသည်။ စာပေနှင့် အနုပညာ မူပိုင်ခွင့်(Copyright)နှင့် ဆက်နွှယ်သည့်အခွင့်အရေးများ(Related Rights) ဟူ၍ ဖြစ်ပါသည်။ စာပေ သို့မဟုတ် အနုပညာများကို ဖန်တီးသည့် မူလလက်ရာရှင်များသည် စာပေနှင့်အနုပညာ မူပိုင်ခွင့်(Copyright) ရရှိပြီး အနုပညာလက်ရာများကို အများပြည်သူထံသို့ ရောက်ရှိစေရန် ဆောင်ရွက်သည့် လူပုဂ္ဂိုလ်များ သို့မဟုတ် အဖွဲ့အစည်းများသည် ဆက်နွှယ်သည့်အခွင့်အရေးများ (Related Rights) ကို ရရှိပါသည်။