အမှတ်တံဆိပ်အကြောင်း သိကောင်းစရာများ အပိုင်း(၁)   မြန်မာနိုင်ငံတွင် အမှတ်တံဆိပ်နှင့်စပ်လျဉ်း၍ သီးသန့်ဥပဒေတစ်ရပ်အနေဖြင့် ပြဋ္ဌာန်း ဆောင်ရွက်နိုင်ရန်အတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေကို ရေးဆွဲခဲ့ရာ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ (၂၀၁၉) ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါတယ်။ ကုန်အမှတ် တံဆိပ်မူပိုင်ခွင့်ဥပဒေ (၂၀၁၉) အရ အမှတ်တံဆိပ်များကို မှတ်ပုံတင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။