Business Visa ထောက်ခံချက်အကြောင်း သိကောင်းစရာ

 
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုး ထောက်ခံချက် လျှောက်ထားရန်အဆင့်များ


၁။ ကုမ္ပဏီမှ သက်တမ်းတိုးထောက်ခံချက်ရယူလိုသည့် နိုင်ငံခြားသားများအတွက် ၎င်း၏ ဗီဇာသက်တမ်း မကုန်ဆုံးမီ အနည်းဆုံး ရက် ၃၀ မှ ၆၀ အတွင်း ကြိုတင်လျှောက်ထားရမည် နိုင်ငံခြားသား၏ နိုင်ငံကူး လက်မှတ်သက်တမ်းသည် အနည်းဆုံး ၆ လ သက်တမ်း ကျန်ရှိရမည်။
၂။     https://mitc.myantrade.gov.mm/ သို့ ဝင်ရောက်၍ Visa Recommendation အွန်လိုင်းလျှောက်လွှာ ပုံစံပေါ်တွင် အချက်အလက် ပြည့်စုံစွာဖြည့်စွက်၍ လျှောက်ထား ရမည်။(ကုမ္ပဏီ၏ လက်ရှိလုပ်ကိုင်နေသည့် လုပ်ငန်းအားရှင်းလင်းစွာ ဖော်ပြပေးရန်)
၃။     Passport မိတ္တူနှင့် Visa တုံးထုထားသော စာမျက်နှာမိတ္တူ(E-visa ဖြစ်လျှင် ၎င်းစာရွက် မိတ္တူ) ပေါ်တွင် ကုမ္ပဏီအကြီးအကဲမှ တံဆိပ်တုံးနှိပ်၊ လက်မှတ်ရေးထိုးရမည်။ Form-C မိတ္တူနှင့် အလုပ်ခန့်အပ်လွှာ (Employment Contract)များတင်ပြရမည်။ (Up to date ဖြစ်ရမည်။)
၄။ ဗီဇာသက်တမ်းတိုးထောက်ခံချက် လျှောက်ထားသူ၏ ဝင်ငွေခွန်ထမ်းဆောင်မှုပြေစာ မိတ္တူ(ထောက်ခံချက် လာရောက်မလျှောက်ထားမီ ကာလအထိ ဝင်ငွေခွန်ထမ်း ဆောင်ခဲ့သည့် အထောက်အထားဖြစ်ရမည်။)
၅။ ကုမ္ပဏီဒါရိုက်တာအဖွဲ့မှ ဗီဇာသက်တမ်းတိုးထောက်ခံချက် လျှောက်ထားလာသည့် နိုင်ငံခြားသား၏ ရာထူး၊ လုပ်ငန်းတာဝန်များနှင့် အဆိုပါ နိုင်ငံခြားသားနှင့်ပတ်သက်၍ တာဝန်ယူကြောင်းခံဝန်ချက်တင်ပြစာ။ ဗီဇာသက်တမ်းတိုး ထောက်ခံချက် လျှောက်ထား လာသူသည် မိသားစုဝင်ဖြစ်ပါက ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ ထောက်ခံ ချက်တင်ပြစာ။
၆။     အထက်ပါစာရွက်စာတမ်းများနှင့် အွန်လိုင်းလျှောက်လွှာတွင် အချက်အလက်များအား လိမ်လည် ဖြည့်သွင်းပါက အဆိုပါကုမ္ပဏီအား နောက်နောင်သက်တမ်းတိုး ထောက်ခံချက် စိစစ်ဆောင်ရွက်ပေးမည် မဟုတ်ဘဲ အမည်ပျက်စာရင်း (Black List) သို့ ထည့်သွင်းသွား မည်ဖြစ်ပါသည်။
၇။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တင်ပြလာသော ဗီဇာကိစ္စအပေါ် လက်ရှိချမှတ် ထားသော မူဝါဒများနှင့် ကိုက်ညီမှုမရှိပါက ယင်းလျှောက်ထားခြင်းကို ငြင်းပယ်နိုင်သည်။