မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၀၂၃၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၄၂.၆၂၈)သန်း၊ နယ်စပ်မှ (၁၅၇၄၁၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၁.၃၈၀)သန်း၊ စုစုပေါင်း (၁၇၅၉၇၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၄.၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၁၉-၇-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၇၄၈၆၄၃.၁၅၅)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၆၄၇.၇၆၃)သန်း၊ နယ်စပ်မှ (၂၆၆၅၂.၀၅၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၂၂.၁၃၀)သန်း၊ စုစုပေါင်း (၇၇၅၂၉၅.၂၀၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၆၆၉.၈၉၃)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၁၉-၇-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

တန်ဖိုး- အမေရိကန်ဒေါ်လာသန်း

စဉ်

အကြောင်းအရာ


ရေတွက်
ပုံ

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် 
(၁၉-၇-၂၀၂၄) ထိ

ပင်လယ်
ရေကြောင်း

နယ်စပ်

‌​​ပေါင်း

မတ်ပဲ

US$

၂၈၇.၆၆၆

၀.၀၆၂

၂၈၇.၇၂၈

တန်

၂၉၀၈၅၆.၉၈၉

၆၆.၀၀၀

၂၉၀၉၂၂.၉၈၉

ပဲတီစိမ်း

US$

၁၆၃.၇၂၄

၂.၃၈၂

၁၆၆.၁၀၆

တန်

၂၄၉၆၂၈.၇၇၁

၃၇၃၉.၂၅၆

၂၅၃၃၆၈.၀၂၇

ပဲစဉ်းငုံ

US$

၁၁၇.၃၁၃

 

၁၁၇.၃၁၃

တန်

၁၀၀၈၉၆.၀၀၀

 

၁၀၀၈၉၆.၀၀၀

ကုလားပဲ

US$

၂.၅၆၄

 

၂.၅၆၄

တန်

၂၈၅၃.၈၁၆

 

၂၈၅၃.၈၁၆

ပဲလွန်းဖြူ

US$

၁၄.၇၇၃

 

၁၄.၇၇၃

တန်

၂၁၉၁၃.၀၃၇

 

၂၁၉၁၃.၀၃၇

မြေထောက်ပဲ

US$

၁၀.၃၂၂

၁.၇၉၆

၁၂.၁၁၈

တန်

၁၀၀၆၃.၅၇၄

၁၅၆၁.၀၀၀

၁၁၆၂၄.၅၇၄

ထောပတ်ပဲ

US$

၁၆.၂၁၇

၈.၄၂၁

၂၄.၆၃၈

တန်

၁၄၂၁၉.၀၉၀

၇၆၄၂.၅၀၀

၂၁၈၆၁.၅၉၀

ပဲယင်း

US$

၂၄.၃၀၈

၃.၉၄၁

၂၈.၂၄၉

တန်

၄၃၁၅၀.၁၅၀

၆၇၆၀.၉၉၀

၄၉၉၁၁.၁၄၀

ပဲကြီး

US$

၃.၀၀၇

၂.၄၁၈

၅.၄၂၅

တန်

၃၂၇၉.၀၃၆

၂၆၈၈.၀၀၀

၅၉၆၇.၀၃၆

၁၀

ပဲကတ္တီပါ(စွန်တာနီ)

US$

၁.၆၀၇

 

၁.၆၀၇

တန်

၂၇၃၃.၃၅၃

 

၂၇၃၃.၃၅၃

၁၁

စွန်တာပြာ

US$

၀.၂၉၂

၀.၀၅၉

၀.၃၅၁

တန်

၄၆၈.၃၀၀

၉၉.၀၀၀

၅၆၇.၃၀၀

၁၂

ပဲကတ္တီပါ
(စွန်တာနီ/ပြာ)

US$

 

 

 

တန်

 

 

 

၁၃

ပဲဖြူလေး

US$

၀.၀၂၈

 

၀.၀၂၈

တန်

၂၄.၀၀၀

 

၂၄.၀၀၀

၁၄

ဘိုကိတ်ပဲ

US$

၅.၁၉၉

 

၅.၁၉၉

တန်

၇၈၀၄.၅၀၉

 

၇၈၀၄.၅၀၉

၁၅

ပဲပုတ်စေ့

US$

 

 

 

တန်

 

 

 

၁၆

ပဲနီကြား

US$

 

၁.၂၆၇

၁.၂၆၇

တန်

 

၂၁၁၁.၀၀၀

၂၁၁၁.၀၀၀

၁၇

နိုင်လွန်ပဲ

US$

၀.၁၉၂

၀.၆၀၂

၀.၇၉၄

တန်

၂၉၉.၉၉၃

၉၂၆.၀၀၀

၁၂၂၅.၉၉၃

၁၈

မြေပဲဆံ

US$

၀.၄၉၂

၀.၉၇၉

၁.၄၇၁

တန်

၃၇၂.၉၄၇

၇၅၈.၃၀၇

၁၁၃၁.၂၅၄

၁၉

အခြားပဲ

US$

၀.၀၅၉

၀.၂၀၃

၀.၂၆၂

တန်

၇၉.၅၉၀

၃၀၀.၀၀၀

၃၇၉.၅၉၀

 

ပဲတင်ပို့မှုစုစုပေါင်း

US$

၆၄၇.၇၆၃

၂၂.၁၃၀

၆၆၉.၈၉၃

တန်

၇၄၈၆၄၃.၁၅၅

၂၆၆၅၂.၀၅၃

၇၇၅၂၉၅.၂၀၈