မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၀၂၃၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၄၂.၆၂၈)သန်း၊ နယ်စပ်မှ (၁၅၇၄၁၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၁.၃၈၀)သန်း၊ စုစုပေါင်း (၁၇၅၉၇၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၄.၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၇-၆-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၅၁၀၆၅၃.၈၆၁)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၄၀.၆၂၀)သန်း၊ နယ်စပ်မှ (၂၁၀၆၁.၃၁၆)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၇.၉၇၄)သန်း၊ စုစုပေါင်း (၅၃၁၇၁၅.၁၇၇) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၄၈၅.၅၉၄)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၇-၆-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

တန်ဖိုး- အမေရိကန်ဒေါ်လာသန်း

စဉ်

အကြောင်းအရာ


ရေတွက်
ပုံ

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် 
(၇-၆-၂၀၂၄) ထိ

ပင်လယ်
ရေကြောင်း

နယ်စပ်

‌​​ပေါင်း

မတ်ပဲ

US$

၁၉၇.၄၀၆

၀.၀၆၂

၁၉၇.၄၆၈

မတန်

၂၀၃၁၃၇.၈၉၀

၆၆.၀၀၀

၂၀၃၂၀၃.၈၉၀

ပဲတီစိမ်း

US$

၁၀၀.၂၁၉

၁.၀၃၀

၁၀၁.၂၄၉

မတန်

၁၅၃၄၉၃.၀၃၆

၁၆၃၂.၅၁၉

၁၅၅၁၂၅.၅၅၅

ပဲစဉ်းငုံ

US$

၈၅.၉၄၄

 

၈၅.၉၄၄

မတန်

၇၅၅၆၇.၀၀၀

 

၇၅၅၆၇.၀၀၀

ကုလားပဲ

US$

၁.၄၀၇

 

၁.၄၀၇

မတန်

၁၅၉၅.၅၆၁

 

၁၅၉၅.၅၆၁

ပဲလွန်းဖြူ

US$

၁၁.၅၀၉

 

၁၁.၅၀၉

မတန်

၁၇၃၉၆.၁၀၈

 

၁၇၃၉၆.၁၀၈

မြေထောက်ပဲ

US$

၇.၁၀၁

၁.၆၀၆

၈.၇၀၇

မတန်

၆၈၆၄.၁၉၀

၁၃၉၉.၀၀၀

၈၂၆၃.၁၉၀

ထောပတ်ပဲ

US$

၁၁.၆၃၁

၇.၆၇၄

၁၉.၃၀၅

မတန်

၁၀၅၀၆.၁၆၀

၇၀၀၈.၅၀၀

၁၇၅၁၄.၆၆၀

ပဲယင်း

US$

၁၆.၅၂၁

၂.၆၉၉

၁၉.၂၂၀

မတန်

၂၉၉၅၉.၃၂၈

၄၈၂၃.၉၉၀

၃၄၇၈၃.၃၁၈

ပဲကြီး

US$

၂.၇၉၆

၂.၁၂၇

၄.၉၂၃

မတန်

၃၀၄၈.၁၈၁

၂၃၆၅.၀၀၀

၅၄၁၃.၁၈၁

၁၀

ပဲကတ္တီပါ(စွန်တာနီ)

US$

၁.၁၁၈

 

၁.၁၁၈

မတန်

၁၈၉၄.၁၂၃

 

၁၈၉၄.၁၂၃

၁၁

စွန်တာပြာ

US$

၀.၁၉၃

 

၀.၁၉၃

မတန်

၃၀၉.၃၀၀

 

၃၀၉.၃၀၀

၁၂

ပဲကတ္တီပါ(စွန်တာနီ/ပြာ)

US$

 

၀.၀၅၉

၀.၀၅၉

မတန်

 

၉၉.၀၀၀

၉၉.၀၀၀

၁၃

ပဲဖြူလေး

US$

၀.၀၂၈

 

၀.၀၂၈

မတန်

၂၄.၀၀၀

 

၂၄.၀၀၀

၁၄

ဘိုကိတ်ပဲ

US$

၄.၂၄၈

 

၄.၂၄၈

မတန်

၆၃၃၆.၉၉၅

 

၆၃၃၆.၉၉၅

၁၅

ပဲပုတ်စေ့

US$

 

 

 

မတန်

 

 

 

၁၆

ပဲနီကြား

US$

 

၁.၁၅၇

၁.၁၅၇

မတန်

 

၁၉၂၆.၀၀၀

၁၉၂၆.၀၀၀

၁၇

နိုင်လွန်ပဲ

US$

၀.၁၆၂

၀.၅၃၅

၀.၆၉၇

မတန်

၂၅၀.၀၀၀

၈၂၂.၀၀၀

၁၀၇၂.၀၀၀

၁၈

မြေပဲဆံ

US$

၀.၂၉၈

၀.၈၄၃

၁.၁၄၁

မတန်

၂၂၂.၂၀၀

၆၅၀.၃၀၇

၈၇၂.၅၀၇

၁၉

အခြားပဲ

US$

၀.၀၃၉

၀.၁၈၂

၀.၂၂၁

မတန်

၄၉.၇၈၉

၂၆၉.၀၀၀

၃၁၈.၇၈၉

 

ပဲတင်ပို့မှုစုစုပေါင်း

US$

၄၄၀.၆၂၀

၁၇.၉၇၄

၄၅၈.၅၉၄

မတန်

၅၁၀၆၅၃.၈၆၁

၂၁၀၆၁.၃၁၆

၅၃၁၇၁၅.၁၇၇