မြန်မာနိုင်ငံ၏ ပဲမျိုးစုံတင်ပို့နိုင်မှုအခြေအနေ

မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%) စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂%) သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြ ပါသည်။ လက်ရှိတွင် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ် ဖြစ်ပါသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်စာရင်းများအရ ပင်လယ်ရေကြောင်းမှ (၁၆၀၂၃၈၈)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၃၄၂.၆၂၈)သန်း၊ နယ်စပ်မှ (၁၅၇၄၁၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၁.၃၈၀)သန်း၊ စုစုပေါင်း (၁၇၅၉၇၉၈) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၄၈၄.၀၀၈)သန်း တင်ပို့နိုင်ခဲ့ပြီး ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၂၁-၆-၂၀၂၄ ရက်နေ့ထိ) ကာလအတွင်း ပင်လယ်ရေကြောင်းမှ (၆၀၁၂၈၉.၇၀၂)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၅၁၆.၄၈၆)သန်း၊ နယ်စပ်မှ (၂၃၇၃၀.၃၁၃)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁၉.၉၇၄)သန်း၊ စုစုပေါင်း (၆၂၅၀၂၀.၀၁၅) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၃၆.၄၆)သန်း တင်ပို့ နိုင်ခဲ့ပါသည်။

၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ် (၁-၄-၂၀၂၄ မှ ၂၁-၆-၂၀၂၄ ရက်နေ့ထိ)ကာလအတွင်း ပဲအမျိုးအစားအလိုက် တင်ပို့နိုင်မှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

တန်ဖိုး- အမေရိကန်ဒေါ်လာသန်း

စဉ်

အကြောင်းအရာ


ရေတွက်
ပုံ

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် 
(၂၁-၆-၂၀၂၄) ထိ

ပင်လယ်
ရေကြောင်း

နယ်စပ်

‌​​ပေါင်း

မတ်ပဲ

US$

၂၂၆.၂၄၉

၀.၀၆၂

၂၂၆.၃၁၁

မတန်

၂၃၁၃၇၉.၂၁၇

၆၆.၀၀၀

၂၃၁၄၄၅.၂၁၇

ပဲတီစိမ်း

US$

၁၂၈.၁၆၁

၁.၅၈၂

၁၂၉.၇၄၃

မတန်

၁၉၅၉၈၂.၆၅၆

၂၅၁၀.၅၁၆

၁၉၈၄၉၃.၁၇၂

ပဲစဉ်းငုံ

US$

၉၇.၇၂၁

 

၉၇.၇၂၁

မတန်

၈၅၂၄၂.၀၀၀

 

၈၅၂၄၂.၀၀၀

ကုလားပဲ

US$

၁.၅၉၉

 

၁.၅၉၉

မတန်

၁၈၁၆.၈၁၆

 

၁၈၁၆.၈၁၆

ပဲလွန်းဖြူ

US$

၁၂.၉၈၂

 

၁၂.၉၈၂

မတန်

၁၉၄၉၀.၉၁၃

 

၁၉၄၉၀.၉၁၃

မြေထောက်ပဲ

US$

၈.၂၅၆

၁.၆၆၉

၉.၉၂၅

မတန်

၈၀၃၉.၇၇၅

၁၄၆၁.၀၀၀

၉၅၀၀.၇၇၅

ထောပတ်ပဲ

US$

၁၂.၉၁၅

၈.၁၇၉

၂၁.၀၉၄

မတန်

၁၁၆၄၅.၉၉၀

၇၄၄၁.၅၀၀

၁၉၀၈၇.၄၉၀

ပဲယင်း

US$

၁၈.၆၈၂

၃.၃၂၈

၂၂.၀၁၀

မတန်

၃၃၉၅၆.၄၃၆

၅၈၁၂.၉၉၀

၃၉၇၆၉.၄၂၆

ပဲကြီး

US$

၂.၈၁၁

၂.၂၄၄

၅.၀၅၅

မတန်

၃၀၆၄.၁၂၂

၂၄၉၅.၀၀၀

၅၅၅၉.၁၂၂

၁၀

ပဲကတ္တီပါ(စွန်တာနီ)

US$

၁.၄၀၄

 

၁.၄၀၄

မတန်

၂၃၈၆.၃၇၃

 

၂၃၈၆.၃၇၃

၁၁

စွန်တာပြာ

US$

၀.၂၇၉

 

၀.၂၇၉

မတန်

၄၄၇.၃၀၀

 

၄၄၇.၃၀၀

၁၂

ပဲကတ္တီပါ(စွန်တာနီ/ပြာ)

US$

 

၀.၀၅၉

၀.၀၅၉

မတန်

 

၉၉.၀၀၀

၉၉.၀၀၀

၁၃

ပဲဖြူလေး

US$

၀.၀၂၈

 

၀.၀၂၈

မတန်

၂၄.၀၀၀

 

၂၄.၀၀၀

၁၄

ဘိုကိတ်ပဲ

US$

၄.၇၇၆

 

၄.၇၇၆

မတန်

၇၁၇၀.၈၇၅

 

၇၁၇၀.၈၇၅

၁၅

ပဲပုတ်စေ့

US$

 

 

 

မတန်

 

 

 

၁၆

ပဲနီကြား

US$

 

၁.၂၁၉

၁.၂၁၉

မတန်

 

၂၀၂၉.၀၀၀

၂၀၂၉.၀၀၀

၁၇

နိုင်လွန်ပဲ

US$

၀.၁၉၃

၀.၅၅၇

၀.၇၅၀

မတန်

၂၉၉.၉၉၃

၈၅၆.၀၀၀

၁၁၅၅.၉၉၃

၁၈

မြေပဲဆံ

US$

၀.၃၈၈

၀.၈၉၃

၁.၂၈၁

မတန်

၂၉၀.၄၄၇

၆၉၀.၃၀၇

၉၈၀.၇၅၄

၁၉

အခြားပဲ

US$

၀.၀၄၂

၀.၁၈၂

၀.၂၂၄

မတန်

၅၂.၇၈၉

၂၆၉.၀၀၀

၃၂၁.၇၈၉

  ပဲတင်ပို့မှုစုစုပေါင်း

US$

၅၁၆.၄၈၆

၁၉.၉၇၄

၅၃၆.၄၆၀

မတန်

၆၀၁၂၈၉.၇၀၂

၂၃၇၃၀.၃၁၃

၆၂၅၀၂၀.၀၁၅