မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Tue, 06/25/2024 - 05:22 -- DotBorderdep

              မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၁၈)ရက်နေ့မှ (၂၂)ရက်နေ့အတွင်း ပို့ကုန်ပြောင်း (၁) တန်လျှင် (၂၂၆.၅) ဒေါ်လာနှုန်းဖြင့် (၃၅၀၀) တန် ၊ တန်ဖိုး (၀.၇၉၃) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၁) တန်လျှင် (၂၇၇၇.၀၀) ဒေါ်လာနှုန်းဖြင့် (၁၄၀) တန် ၊ တန်ဖိုး (၀.၃၈၉) ဒေါ်လာသန်း၊ စုစုပေါင်းတန်ဖိုး (၁.၁၈၂) ဒေါ်လာသန်း အား ရေလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့တင်ပို့နိုင်ခဲ့ပါသည်။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ် ရေးစခန်း အထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိ ရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၁၈)ရက်နေ့မှ (၂၂)ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ  (၁) တန်လျှင် (၈၃၄) ဒေါ်လာနှုန်းဖြင့် (၆၀၀) တန် ၊ တန်ဖိုး (၀.၅၀) ဒေါ်လာသန်း၊ ဓာတ်ဆီ  (၁) တန် လျှင် (၉၉၀) ဒေါ်လာနှုန်းဖြင့် (၅၀) တန် ၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်၊ ပုဇွန်စာ  (၁) တန် လျှင် (၂၈၆) ဒေါ်လာနှုန်းဖြင့် (၅၀) တန် ၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်အား တင်သွင်းနိုင်ခဲ့ပြီး စုစုပေါင်း သွင်းကုန်တန်ဖိုး (၀.၅၆၄)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ(၃၁၀၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်း ချလျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၁၆.၂) ကျပ်ဖြင့်အရောင်း အဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages