တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Tue, 06/25/2024 - 05:17 -- DotBorderdep

          တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၅-၆-၂၀၂၄ မှ ၂၁-၆-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၅,၉၁၂.၂၈၂) တန်၊ တန်ဖိုး (၃.၈၀၂) ဒေါ်လာသန်း၊ ပဲတီစိမ်း (၆၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊  ကြက်သွန်နီ (၉၉၂.၆၆၀) တန်၊ တန်ဖိုး (၀.၅၅၅) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၂၈၈.၀၀၀) တန်၊ တန်ဖိုး (၀.၆၁၀) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၄၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၈၀) ဒေါ်လာသန်း၊ ဝဥခြောက် (၁၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ MANGANESE DIOXIDE (၅၁၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၆) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ (၅၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၁၅၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၅.၂၃၈) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ် အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်းလျှင် (၈၁၄.၂၇၄) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်း များ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၁၅-၆-၂၀၂၄ မှ ၂၁-၆-၂၀၂၄) တွင် ဓာတ်ဆီ (၂,၃၉၂) BBL၊ တန်ဖိုး (၀.၂၄၄) ဒေါ်လာသန်း၊ ဒီဇယ် (၂,၆၂၀) BBL ၊ တန်ဖိုး (၀.၂၈၃) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၉၉) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၇၃၁) ဒေါ်လာသန်း၊ လယ်ထွန်စက် (၀.၀၀၄) ဒေါ်လာသန်း၊  လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ (၀.၀၅၄) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၇၄) ဒေါ်လာသန်း၊ စက်ဆီချောဆီ (၀.၀၁၆) ဒေါ်လာသန်း၊ သုတ်ဆေးနှင့် ပေါလစ်များ (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၇၅) ဒေါ်လာသန်း၊ အခြားစက္ကူ များ (၀.၀၂၄) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၁၅) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၀.၄၂၂) ဒေါ်လာသန်း၊ ပရိဘောဂ (၀.၀၂၂) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၀၉) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၀၀) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၂.၃၈၂) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages