တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 06/20/2024 - 04:46 -- bordertrade

             တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၈-၆-၂၀၂၄ မှ ၁၅-၆-၂၀၂၄) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၁၇,၅၇၀.၈၇၄) တန်၊ တန်ဖိုး (၄.၁၃၁) ဒေါ်လာသန်း၊ ကြက်သွန်နီ (၂၁၁.၈၄၀) တန်၊ တန်ဖိုး (၀.၁၂၁) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၅၁၄.၀၇၀) တန်၊ တန်ဖိုး (၁.၁၀၈) ဒေါ်လာသန်း၊ လိမ္မော်သီး (၅၂.၈၀၀)တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၄၉.၆၀၀)တန်၊ တန်ဖိုး (၀.၀၆၃) ဒေါ်လာသန်း၊ ဝဥခြောက် (၁၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ နနွင်းတက် (၁၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ပုစွန်ဖွဲ (၂၀၁.၆၀၀) တန်၊ တန်ဖိုး (၀.၀၉၇) ဒေါ်လာသန်း၊ MANGANESE DIOXIDE (၂၄၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၂၀၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၅.၆၁၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်းလျှင် (၈၃၂.၁၃၇) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

           တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်းများ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ် (၈-၆-၂၀၂၄ မှ ၁၄-၆-၂၀၂၄) တွင် ဓာတ်ဆီ (၂,၀၉၃) BBL၊ တန်ဖိုး (၀.၂၁၂) ဒေါ်လာသန်း၊ ဒီဇယ် (၁,၈၃၄) BBL ၊ တန်ဖိုး (၀.၁၉၈) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၂၄၇) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၃၉၁)ဒေါ်လာသန်း၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့်အခြားယာဉ်များ (၀.၈၇၆) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၀၀၉) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၂၀) ဒေါ်လာသန်း၊ စက်ဆီချောဆီ (၀.၀၄၆) ဒေါ်လာသန်း၊ သုတ်ဆေးနှင့် ပေါလစ်များ (၀.၀၀၄) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၁၉) ဒေါ်လာသန်း၊ သွပ်ပြား (၀.၁၆၉) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၁၉) ဒေါ်လာသန်း၊ ပရိဘောဂ (၀.၀၀၅) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၂၀) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၂၁) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၂.၆၅၆) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages