မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 07/10/2024 - 04:58 -- bordertrade

            မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့ မှ (၆) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၈၆၇၅)သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၈၁၉)သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁.၃၉၅၅)သန်း ကုန်သွယ်မှု ဆောင်ရွက်နိုင်ခဲ့ပါသည်။

            မောတောင်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ (၃) ရက်နေ့ မှ (၆) ရက်နေ့အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့်  ငရုတ်သီး (၁၅၂.၁၀၇) တန်၊ တန်ဖိုး (၀.၁၀၉၉) ဒေါ်လာသန်း၊ ကြက်သွန်နီ (၄၃၉.၀၀) တန်၊ တန်ဖိုး (၀.၁၇၆၄) ဒေါ်လာသန်း၊ မြေပဲဆံ (၄၈) တန်၊ တန်ဖိုး (၀.၀၇၂၃) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၃၈၂.၉၃၈၈) တန်၊ တန်ဖိုး (၀.၅၀၈၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီး (၈၇.၅) တန်၊ တန်ဖိုး (၀.၀၂၉၀) ဒေါ်လာသန်း ၊ ကျောက်မှုန့် (၁၄)တန်၊ တန်ဖိုး (၀.၀၀၁၁) ဒေါ်လာသန်း ၊ ကြွေပြား (၄၃၆၈) M2 ၊ တန်ဖိုး (၀.၀၁၀၁) ဒေါ်လာသန်း၊ ကာဗွန်မှုန့် (၉) တန်၊ တန်ဖိုး (၀.၀၂၁၂) ဒေါ်လာသန်း၊ ကျောက်ပြား (၈၈.၅) တန်၊ တန်ဖိုး (၀.၀၁၆၉) ဒေါ်လာသန်း၊  A4 Paper (၆)တန်၊ တန်ဖိုး (၀.၀၀၃၆) ဒေါ်လာသန်း၊ တင်သွင်းခဲ့ပါသည်။

            မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့် ပို့ကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၆၄.၀၁၃) ဒေါ်လာနှုန်း၊ ပုစွန် (၁၃၀၀၆.၀၆၅) ဒေါ်လာနှုန်း၊ ကဏန်း (၂၂၅၄.၀၉၇) ဒေါ်လာနှုန်း၊ ကင်းမွန်(၁၅၉၂.၁၄၉)ဒေါ်လာနှုန်း၊  ငရုတ်သီး(၇၂၂.၅)ဒေါ်လာနှုန်း၊ ကြက်သွန်နီ(၄၀၂)ဒေါ်လာ နှုန်း၊  မြေပဲဆံ (၁၅၀၆) ဒေါ်လာနှုန်း ဖြစ်ပါသည်။

            မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းမှာ - သစ်သီး (၃၃၁) ဒေါ်လာနှုန်း၊ ကျောက်မှုန့် (၇၉) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၃၄) ဒေါ်လာ နှုန်း၊ ကာဗွန်မှုန့် (၂၃၅၅) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၉၁) ဒေါ်လာနှုန်း၊ A4 PAPER (၆၀၀) ဒေါ်လာ နှုန်း ဖြစ်ပါသည်။

            မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၇-၇-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ် (၁) သိန်းလျှင် ဘတ် (၈၂၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၂၁.၉၅) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

Border Trade News

Pages