မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Fri, 07/12/2024 - 07:36 -- bordertrade

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇူလိုင် (၇)ရက်နေ့မှ ဇူလိုင် ( ၈ )ရက်နေ့အတွင်း ပို့ကုန် သီဟိုဠ်စေ့ (၁) တန်လျှင် (၂၇၉၂) ဒေါ်လာနှုန်းဖြင့် (၈၄) တန် ၊ တန်ဖိုး (၀.၂၃၅) ဒေါ်လာသန်းအား ရေလမ်း ကြောင်းဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါသည်။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန် (၁) တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်း ကြောင်းအနေ ဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇူလိုင် ( ၇ )ရက်နေ့မှ ( ၈ )ရက်နေ့အတွင်း သွင်းကုန် ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၁၀၃၂၄) M2 ၊ တန်ဖိုး (၀.၀၂၄)ဒေါ်လာသန်း  စုစုပေါင်းသွင်းကုန်တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၃၁၀၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၂၀၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၂၄.၅) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages