ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Wed, 07/10/2024 - 04:51 -- bordertrade

            ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသော ပစ္စည်းများ မှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန် (စို/ခြောက်) ၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

            ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၀.၀၀၀) သန်းဖြစ်ပြီး  (၆-၇-၂၀၂၄)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ(၄.၁၈)သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ်  (၂၀.၉%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၂၇၄၄.၈၀၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၃၉၆)သန်းနှင့် သွင်းကုန် (၃၀၃၉.၉၆၅)တန်၊ (၅၃၅၈၀)2U၊ (၃၈၄၉)U၊ (၇၅၀)BBL ၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၃၈)သန်း ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂.၇၇၆)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ပို့ကုန်ပိုင်းအနေဖြင့်၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ရေထွက်ကုန်ပစ္စည်းအုပ်စု တွင် (၆၃၆.၇၄၈)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၇၉၄)သန်း၊ လယ်ယာထွက်ပစ္စည်းအုပ်စုတွင် (၂၀၀၇.၉၅၉)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၅၉၃)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၁၀၀.၁)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၀၀၉)သန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၁.၃၉၆)သန်း တင်ပို့နိုင်ခဲ့ ပါသည်။ ပို့ကုန်တိုးမြှင့်ရေး အဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံအား တစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက် ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက် ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက် လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၆) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် (၆၁၃၁၉.၂၃၄) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၄.၀၉၉)သန်း အား တင်ပို့နိုင်ခဲ့ပါသည်။ယခုတစ်ပတ်အတွင်း ငါးဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

          စဉ်        အမည်        အရေအတွက်  ဈေးနှုန်း

          (၁)     ငါးမုတ်မဲ (100 - 200 gm)     ၁ ကီလိုဂရမ်   ၁.၇၆၈ ဒေါ်လာ

          (၂)      ကဗျက် (100 - 200 gm)       ၁ ကီလိုဂရမ်   ၀.၉၀၆ ဒေါ်လာ

          (၃)     ငါးဇင်းပြား/ ငါးဆီလုံး ၁ ကီလိုဂရမ်   ၀.၈၇ ဒေါ်လာ

          (၄)     ငါးထောပတ်/ ငါးဆီလုံး        ၁ ကီလိုဂရမ်   ၁.၆၇ ဒေါ်လာ

          (၅)     ပင်လယ်ငါးရံ့ (1 -2 kg)        ၁ ကီလိုဂရမ်   ၁.၆၀ ဒေါ်လာ

          (၆)     ပြည်ကြီးခွေးလျှာ       ၁ ကီလိုဂရမ်   ၁.၅၆ ဒေါ်လာ

          (၇)     ငါးချဉ်ပေါင်    ၁ ကီလိုဂရမ်   ၁.၂၈ ဒေါ်လာ

           (၈)    ကက္ကူရံ (1 kg down) ၁ ကီလိုဂရမ်   ၁.၉၄ ဒေါ်လာ

          (၉)     ငါးရွှေကြင်     ၁ ကီလိုဂရမ်            ၁.၅၃ ဒေါ်လာ

          (၁၀) ကုလားငူ (1 kg down) ၁ ကီလိုဂရမ်   ၁.၁၃ ဒေါ်လာ

                သွင်းကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၂ရက်နေ့မှ ၆ ရက်နေ့အထိ ရင်းနှီးမြှုပ်နှံမှုပစ္စည်း အုပ်စုတွင် (၅၄၉.၂၃၂)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၁၂၆) သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် (၁၈၅၈.၇၂၆) တန်၊ (၇၅၀) BBL၊ (၁၄၆၂)U၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၈၄၄)သန်းနှင့် လူသုံးကုန်ပစ္စည်း အုပ်စုတွင် (၆၃၂.၀၀၇)တန်၊ (၁၃၀၇)U၊ (၅၃၅၈၀) 2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၄၁)သန်း တင်သွင်း ခဲ့ပါသည်။

            ကော့သောင်းနယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှု ကိစ္စရပ်များကို သက်ဆိုင်ရာ AD Bank များဖြစ်သည့် A Bank ၊ MEB ၊ KBZ၊ AYA တို့ဖြင့်ဆောင်ရွက်လျက်ရှိသည်။ (၆-၇-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁)သိန်းလျှင် (၈၀၃) ဘတ်၊(၁)ဘတ်လျှင် မြန်မာငွေ (၁၂၄.၅)ကျပ်ခန့် (၅-၇-၂၀၂၄)ရက်နေ့ နှိုင်းယှဉ်လျှင် တည်ငြိမ်လျက်ရှိသည်။ စက်သုံးဆီ ဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၄၈၅၀) ကျပ်၊ ဒီဇယ် ၁ ဂါလံလျှင် (၁၅၃၀၀) ကျပ်ဖြင့် တည်ငြိမ်လျက်ရှိသည်။

Border Trade News

Pages