မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 06/20/2024 - 04:47 -- bordertrade

             မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇွန် (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း ပို့ကုန်  ငါးကြိတ်သား (၁) တန်လျှင် (၁၈၂၇) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် ၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းအား ကားလမ်းကြောင်းဖြင့် ထိုင်းနိုင်ငံသို့တင်ပို့နိုင်ခဲ့ပါသည်။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ် ရေးစခန်းအထိ ကုန် (၁) တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိ ရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန်လျက်ရှိ ကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၁၁)ရက်နေ့မှ (၁၅)ရက်နေ့အတွင်း သွင်းကုန် ဒီဇယ်ဆီ (၁) တန်လျှင် (၈၃၀) ဒေါ်လာနှုန်းဖြင့် (၉၀၀) တန် ၊ တန်ဖိုး (၀.၇၄၇) ဒေါ်လာသန်း၊  ဓာတ်ဆီ  (၁) တန်လျှင် (၉၇၀) ဒေါ်လာနှုန်းဖြင့် (၂၅၀) တန် ၊ တန်ဖိုး (၀.၂၄၃) ဒေါ်လာသန်း၊ လုပ်ငန်းသုံးကုန် ပစ္စည်း (၁၇.၄၀၉)တန်၊ တန်ဖိုး (၀.၁၃၅) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၁၂၅)ဒေါ်လာသန်း အားတင်သွင်းနိုင်ခဲ့ပါသည်။

Border Trade News

Pages