တာချီလိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Fri, 06/21/2024 - 05:31 -- bordertrade

               တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (ဧပြီလ မှ ဇွန်လ ၁၇ ရက်နေ့ထိ) ပို့ကုန် ကန်ဒေါ်လာ (၄၀.၆၄၆) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၂၂.၃၂၀) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၆၂.၉၆၆)သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၇-၆-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၃,၃၇၃.၃၇၇) တန်၊ တန်ဖိုး (၀.၇၉၈) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၅၉.၀၀၀) တန်၊ တန်ဖိုး (၀.၁၂၇) ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၂.၉၂၀)တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၁၅.၀၀၀) တန်၊ (၀.၀၂၆) ဒေါ်လာသန်း၊ MANGANESE DIOXIDE  Mn - 19.56 %  (၂၇၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၂၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၉၉၈) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်းအနေဖြင့် (၁၇-၆-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၈၁၄.၉၉၆) ဘတ် ဖြစ်ပေါ် ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၁၇-၆-၂၀၂၄) ရက်တွင် ဒီဇယ် (၀.၀၈၃) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၀၂၂) ဒေါ်လာသန်း၊ ဆေးနှင့် ဆေးပစ္စည်း (၀.၀၆၅) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်း (၀.၀၂၉) ဒေါ်လာ သန်းနှင့် အခြားပစ္စည်း (၀.၀၃၆) ဒေါ်လာသန်း  အပါအဝင် (၀.၂၃၅) ဒေါ်လာသန်း တင်သွင်းခဲ့ပါ သည်။

 

Border Trade News

Pages