ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Fri, 07/26/2024 - 04:04 -- bordertrade

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဇူလိုင်လကုန်သွယ်မှုလျာထား ချက်မှာပို့ကုန်(၄.၀၀၀)ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့်စုစုပေါင်း (၅.၀၀၀) ဒေါ်လာသန်းဖြစ်ပြီး ဇူလိုင်လ(၂၂) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၀.၁၇၄) ဒေါ်လာ သန်း၊ သွင်းကုန်(၀.၄၈၈)ဒေါ်လာသန်း၊စုစုပေါင်း(၂.၁၇၃)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာ ထားချက်အပေါ် (၁၃.၂၄၀%)ဆောင်ရွက်နိုင်ခဲ့ပါသည်။

        ဇူလိုင်လ(၂၂) ရက်နေ့ထိပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ကြက်သွန်နီ၊ ပဲမျိုးစုံတို့ိိတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန် အဝတ်အထည်များ၊သစ်သီးများနှင့် စက်သုံးဆီများတင်သွင်းနိုင်ခဲ့ပါသည်။

        ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ ဇူလိုင်(၂၁)ရက်မှ(2၂)ရက်နေ့အထိ ပို့ကုန် ပိုင်းတွင် အဓိက ပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/(၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန်(၁၅၀)တန်၊တန်ဖိုး(၀.၀၇၁) ဒေါ်လာသန်းနှင့် ပဲမျိုးစုံတန်ချိန် (၂၀၃) တန်၊ တန်ဖိုး (၀.၁၀၃) ဒေါ်လာသန်းတို့တင်ပို့နိုင်ခဲ့ပါသည်။

        အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေပြား၊ လူသုံးအဝတ်အထည်များနှင့် စက်သုံးဆီပစ္စည်းများဖြစ်ပြီး လုပ်ငန်းသုံးပစ္စည်း ၃၉၃၀ BBL၊ တန်ဖိုး(၀.၄၆၅) ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်း ၂၅၂၀၀ U၊ တန်ဖိုး (၀.၀၃၂)ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများဖြင့် ကုန်ပစ္စည်း စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး  ကုန်သွယ်မှု လွယ်ကူမြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့် တင်ပို့နိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

Border Trade News

Pages