ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Wed, 07/24/2024 - 04:31 -- bordertrade

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဇူလိုင်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀) ဒေါ်လာသန်း ဖြစ်ပြီး ဇူလိုင်လ(၂၀) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၀.၈၉၂) ဒေါ်လာသန်း၊ သွင်းကုန် (၁.၂၈၁)ဒေါ်လာသန်း၊ စုစုပေါင်း (၂.၁၇၃)ဒေါ်လာသန်း ဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၄၃.၄၆၀%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဇူလိုင်လ(၂၀) ရက်နေ့ထိ ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ကြက်သွန်နီ၊ ပဲမျိုးစုံနှင့် မကျီးသီးမှည့်တို့ ိိတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီးများနှင့် စက်သုံးဆီများ တင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ဇူလိုင်(16)ရက်မှ(20)ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (325) တန်၊ တန်ဖိုး (၀.113) ဒေါ်လာသန်း နှင့် ပဲမျိုးစုံ တန်ချိန် (940) တန်၊ တန်ဖိုး (၀.061) ဒေါ်လာသန်းတို့ တင်ပို့နိုင်ခဲ့ပါသည်။

          အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေပြား၊ လူသုံး ပစ္စည်း၊ အဝတ်အထည်များနှင့် စက်သုံးဆီပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၇၀၀)M2၊ (၀.၂၆)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၂၃.၃)တန်၊ ၈၈၂၀ BBL၊ တန်ဖိုး(၁.၁၃၂)ဒေါ်လာသန်း နှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၈၁.၈) တန်၊ တန်ဖိုး (၀.၁၂၂)ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများဖြင့် ကုန်ပစ္စည်း စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး  ကုန်သွယ်မှုလွယ်ကူမြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Border Trade News

Pages