တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Wed, 07/24/2024 - 04:34 -- bordertrade

                      တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၃-၇-၂၀၂၄ မှ ၁၉-၇-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၃,၉၉၀.၉၈၆) တန်၊ တန်ဖိုး (၃.၅၅၃) ဒေါ်လာသန်း၊ ပဲတီစိမ်း (၆၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၅) ဒေါ်မလာသန်း၊ ကော်ဖီစေ့ (၁၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၃) ဒေါ်လာသန်း၊ ရှောင်ကော ပါ့ကော (၃၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ လိမ္မော်သီး (၂၆.၄၀၀)တန်၊ (၀.၀၀၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁,၅၄၇.၅၀၀) တန်၊ တန်ဖိုး (၀.၇၅၇) ဒေါ်လာသန်း၊  ကြက်သွန်ဖြူ (၃၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၆၄၉) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၁၄၇.၄၅-၀)တန်၊ တန်ဖိုး (၀.၂၇၀) ဒေါ်လာသန်း၊ ပုစွန်ဖွဲ (၃၀၂.၄၀၀)တန်၊ တန်ဖိုး (၀.၁၄၅) ဒေါ်လာသန်း၊ ငါးလေးခြောက် (၁၆၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၉၁) ဒေါ်လာသန်း နှင့် စက္ကူဖြတ်စ (၂၁၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၄) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၅.၆၀၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်း လျှင် (၇၄၆.၀၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

                      တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်း များ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၁၃-၇-၂၀၂၄ မှ ၁၉-၇-၂၀၂၄) တွင် ဓာတ်ဆီ (၁,၇၉၄) BBL၊ တန်ဖိုး (၀.၁၇၅) ဒေါ်လာသန်း၊ ဒီဇယ် (၃၆၆၈) BBL ၊ တန်ဖိုး (၀.၃၉၅) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၁၂၉) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၀.၇၂၀) ဒေါ်လာသန်း၊ လယ်ထွန်စက်များ (၀.၀၀၄) ဒေါ်လာသန်း၊ လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ  (၀.၂၆၅) ဒေါ်လာသန်း၊ တယ်လီ ဖုန်း နှင့် ဆက်သွယ်ရေးပစ္စည်းကိရိယာများ  (၀.၀၀၂) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ  (၀.၀၀၂) ဒေါ်လာသန်း၊ ဖန်ဆောက်လုပ်ရေးပစ္စည်းများ (၀.၀၀၂)ဒေါ်လာသန်း၊ လျှပ်စစ်ဓါတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင် ရေးပစ္စည်းများ  (၀.၀၀၃) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှ အပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၂၂၃) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ  (၀.၀၄၁) ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၀၉) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ  (၀.၀၅၄) ဒေါ်လာသန်း၊ အခြားစက္ကူများ  (၀.၀၆၂) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ  (၀.၀၂၀) ဒေါ်လာသန်း၊ လျှပ်စစ်မီးသီးနှင့် မီးချောင်းများ  (၀.၀၀၃) ဒေါ်လာသန်း၊ ဆပ်ပြာ  (၀.၀၀၀၃) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ  (၀.၀၀၆) ဒေါ်လာသန်း နှင့် အခြားပစ္စည်း (၀.၁၄၃) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၂.၂၅၈) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

Border Trade News

Pages