ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှု အခြေအနေ

Fri, 06/21/2024 - 05:34 -- bordertrade

               ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများ ကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိက တင်ပို့ နေသောပစ္စည်းများမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်း တို့ဖြစ်သည်။

               ၂၀၂၄ ခုနှစ်၊ ဇွန်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၁၈.၀၀၀) သန်း ဖြစ်ပြီး (၁၇-၆-၂၀၂၄)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ(၁၀.၉၈၅)သန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၆၁.၀၂၈%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

              ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့မှ၁၇ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၅၂၁.၂၀၀)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၄၃၅) သန်းနှင့် သွင်းကုန်(၁၀၁၆.၈၅၃) တန်၊(၂၂၁၀၀.၀၀၀)M2၊ (၁၄၈၉၈၀.၀၀၀) 2U၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၃၀၃) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ(၀.၇၃၈)သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။

             ပို့ကုန်ပိုင်းအနေဖြင့်၂၀၂၄ခုနှစ်၊ ဇွန်လ ၁၆ရက်နေ့မှ၁၇ ရက်နေ့အထိရေထွက်ကုန်ပစ္စည်း အုပ်စုတွင် (၁၂၁.၁၆၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၁၃၇)သန်း၊ လယ်ယာထွက် ပစ္စည်းအုပ်စု တွင် (၁၂၅၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၂၈၆) သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် (၁၅၀.၀၄၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၀၁၂)သန်း၊ စုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာ (၀.၄၃၅)သန်း တင်ပို့နိုင်ခဲ့ပါသည်။ ပို့ကုန်တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာ ပြောင်းသီးနှံ အား တစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ (၁) ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိ ခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကို ပင်လယ်ရေကြောင်း ရန်ကုန်ဆိပ် ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်း ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့အထိ နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကော့သောင်းမှရနောင်းသို့ ပြောင်းတန်ချိန် ( ၄၇၉၅၉.၈၅၆ ) တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၀.၈၈၂)သန်းအား တင်ပို့နိုင်ခဲ့ပါသည်။

Border Trade News

Pages