မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Fri, 06/21/2024 - 05:36 -- bordertrade

             မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့ မှ (၁၈) ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၄၀) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၉၂) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၂၃၂) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

           မောတောင်ကုန်သွယ်ရေးစခန်းမှ မှ ဇွန်လ (၁၆) ရက်နေ့ မှ (၁၈) ရက်နေ့ အထိ လယ်ယာထွက် ကုန် ပစ္စည်းအနေဖြင့်  ငရုတ်သီး (၉.၈၂) တန်၊ တန်ဖိုး (၀.၀၀၇၅) ဒေါ်လာသန်း၊ ရေထွက် ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၃၇.၂၅၀) တန်၊ တန်ဖိုး (၀.၀၀၆၅) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် ကျောက်မှုန့် (၁၀၂) တန်၊ တန်ဖိုး (၀.၀၀၈၁) ဒေါ်လာသန်း ၊ ဖိနပ် (၉၆၀၀) ရံ၊ တန်ဖိုး (၀.၀၀၁၁) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

           မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၉၆၀.၇၇၅) ဒေါ်လာနှုန်း၊ ပုစွန် (၁၂၈၄၀.၆၉၅) ဒေါ်လာနှုန်း၊ ကဏန်း (၂၄၄၀.၁၄၅) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၁၀.၅၂၅) ဒေါ်လာနှုန်း၊  ငရုတ်သီး (၇၆၄) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့်သွင်းကုန်ပစ္စည်းများ၏(၁) တန်ဈေး နှုန်းမှာ - ကျောက်မှုန့် (၇၉.၄) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၁) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Border Trade News

Pages