မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ

Fri, 06/21/2024 - 04:51 -- bordertrade

            မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများဆောင် ရွက်လျှက်ရှိရာ (၁၇-၆-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်း များဖြစ်သည့် ကြက်သွန်နီ၊ ကွမ်းသီး၊ ငရုတ်ခြောက်၊ အခြားပစ္စည်း တို့တင်ပို့ခဲ့ပါသည်။

           ၁၇-၆-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ကွမ်းသီး၊ ငရုတ်ခြောက်၊ အခြားပစ္စည်းတို့ဖြစ်ပါသည်။

           ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ် ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

          ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများတွင်ကျယ်စွာ ဆောင်ရွက်လာ ခြင်းကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအားမြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

         ၁၇-၆-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာအလှကုန် ပစ္စည်းများ(၀.၁၂၅)ဒေါ်လာသန်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ (၀.၀၈၀)ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ(၀.၀၇၃)ဒေါ်လာသန်း၊ ကားအပိုပစ္စည်းများ (၀.၀၄၅) ဒေါ်လာသန်း၊ ဓါတုကုန်ကြမ်းပစ္စည်းများ (၀.၀၂၂) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများ (၀.၀၁၉) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၀၀၈) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၀.၀၀၆) ဒေါ်လာသန်း၊ ချည်ထည်ပစ္စည်းများ (၀.၀၀၅) ဒေါ်လာသန်း၊ စက်ဘီးအပိုပစ္စည်းများ (၀.၀၀၅) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

        ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်ကတစ်ဘတ်လျှင် (၀.၈၅)ကျပ်ရှိပြီး ယခု အပတ်တွင်(၀.၈၃)ကျပ်ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းအနည်းငယ်ကျလျက်ရှိကြောင်း တွေ့ရှိ ရပါသည်။

      ၁၇-၆-၂၀၂၄ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ(၁) တန်လျှင် (၅၀၅.၇၀) ဒေါ်လာဖြင့် (၂၆၄.၉၈၀)တန်၊ (၀.၁၃၄)ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန်လျှင် (၁၅၀၀) ဒေါ်လာဖြင့် (၁၃၀)တန်၊ (၀.၁၉၅)ဒေါ်လာသန်း၊ ငရုတ်(ခြောက်) (၁၅၄၀.၃၆)ဒေါ်လာဖြင့်(၈၈.၉၄၀)တန်၊(၀.၁၃၇)ဒေါ်လာသန်း၊  အခြားပစ္စည်းများ (၁)တန် လျှင် (၂၁၆၀.၇၀)ဒေါ်လာဖြင့် (၇.၄၀၅)တန်၊(၀.၀၁၆)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

       မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ရက်နေ့မှ ၁၇ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန်(၃.၁၉၄)ကန်ဒေါ်လာသန်း၊ သွင်းကုန်(၄.၄၁၂)ကန်ဒေါ်လာ သန်း၊ ကုန်သွယ်မှုပမာဏ (၇.၆၀၆) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages