ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်၊ ဇွန်လ(၁၆)ရက်နေ့မှဇွန်လ(၁၇)ရက်နေ့ထိ ကုန်သွယ်မှုအခြေအနေ

Fri, 06/21/2024 - 04:50 -- bordertrade

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ဇွန်လကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန်(၄.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၀၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၅.၀၀၀) ဒေါ်လာ သန်းဖြစ်ပြီးဇွန်လ(၁၇)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်(၈.၄၆၁) ဒေါ်လာသန်း၊ သွင်းကုန် (၇.၈၆၂) ဒေါ်လာသန်း၊ စုစုပေါင်း(၁၆.၃၂၃)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၃၂၆.၄၅၁%)ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဇွန်လ (1၇) ရက်နေ့ထိပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဖရုံသီး၊ငရုတ်ခြောက်၊ ကြက်သွန်နီ၊ ချဉ်ပေါင်ဖာလာ၊ သရက်ပြားချောက်၊ ပဲမျိုးစုံ၊ ကော်ဖီစေ့၊ ကွမ်းသီးအစို၊ အလူမီနီယံဖြတ်စ၊ ခဲစက္ကူနှင့် မကျည်းသီး(အစေ့ပါ)ိိတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်း များ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များ၊ သစ်သီး များနှင့် စက်သုံးဆီများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ဇွန်လ(၁၆)ရက်မှ(၁၇) ရက်နေ့များတွင် ပိုကုန် တင်ပို့မှုမရှိခဲ့ပါ။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ ကြွေးပြား၊ ကားတာယာ၊ လိမ္မော်သီး၊ ပန်းသီး၊ သစ်တော်သီး၊ လူသုံးအဝတ်အထည်များနှင့် စက်သုံးဆီပစ္စည်းများ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်းတန်ချိန် (၃၁.၃၀၀) တန်၊ တန်ဖိုး (၀.၀၇၆)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၃၃.၀၀) တန်၊ တန်ဖိုး (၀.၆၄၉) ဒေါ်လာသန်းနှင့်လူသုံးကုန်ပစ္စည်း တန်ချိန် (၁၅၅.၀၀၀) တန်၊ တန်ဖိုး (၀.၁၁၅)ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းတွင် OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများဖြင့် ကုန်ပစ္စည်း စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိပြီး  ကုန်သွယ်မှုလွယ်ကူမြန်ဆန်စေရေးနှင့် ပို့ကုန်တိုးမြှင့်တင်ပို့ နိုင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Border Trade News

Pages