မြိတ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Fri, 06/21/2024 - 05:33 -- bordertrade

                မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇွန် (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အတွင်း ပို့ကုန် ငါးမှုန့် (၁) တန်လျှင် (၈၉၉.၆) ဒေါ်လာနှုန်းဖြင့် (၃၀၀) တန် ၊ တန်ဖိုး (၀.၂၇၀) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၁) တန်လျှင် (၂၇၇၈) ဒေါ်လာ နှုန်းဖြင့် (၁၄၀) တန် ၊ တန်ဖိုး (၀.၃၈၉) ဒေါ်လာသန်းအားရေလမ်းကြောင်း၊ ငါးကြိတ်သား (၁) တန်လျှင် (၁၈၂၆) ဒေါ်လာနှုန်းဖြင့် (၇.၂) တန် ၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်းအား ကားလမ်းကြောင်းတို့ဖြင့် လည်းကောင်း၊ ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့ ရော်ဘာ (၁) တန်လျှင် (၁၄၃၅) ဒေါ်လာနှုန်းဖြင့် (၂၁၃၆.၉၆) တန် ၊ တန်ဖိုး (၃.၀၆၇) ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန်လျှင် (၁၅၀၀) ဒေါ်လာနှုန်းဖြင့် (၉၉.၁၂၀) တန် ၊ တန်ဖိုး (၀.၁၄၉) ဒေါ်လာသန်းအား ရေလမ်းကြောင်းဖြင့် မလေးရှားနိုင်ငံသို့တင်ပို့နိုင်ခဲ့ပါသည် စုစုပေါင်းတန်ဖိုး (၃.၈၈၈) ဒေါ်လာ သန်း တင်ပို့နိုင်ခဲ့ပါသည်။  မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန် (၁) တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

             မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇွန် (၁၆) ရက်နေ့မှ (၁၇) ရက်နေ့အတွင်း သွင်းကုန် ဓာတ်ဆီ  (၁) တန်လျှင် (၉၈၀) ဒေါ်လာနှုန်းဖြင့် (၃၅၀) တန် ၊ တန်ဖိုး (၀.၃၄၃) ဒေါ်လာသန်းအားတင်သွင်း နိုင်ခဲ့ပါ သည်။

Border Trade News

Pages