ဘင္ဂလားဒေ့ရှ်နိုင်ငံမှ လက်ရာ​ြေမာက်သော ရိုးရာလက်မှုရွှေလက်ဝတ်ရတနာများကို ပို့ကုန်အဖြစ်တင်ပို့ရန် ရွေးချယ်ထား

Thu, 02/16/2023 - 05:27 -- DotBorderdep

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့နိုင်ငံအတွင်းရှိ ပုံစံအမျိုးမျိုးသော ရိုးရာလက်မှု လက်ဝတ်ရတနာများကို ပို့ကုန်အဖြစ်တင်ပို့သွားမည်ဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်ကျောက်မျက်လုပ်ငန်းရှင်များအသင်းကပြောကြားခဲ့သည်ကိုDhaka Tribuneတွင်ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကရေးသားဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ့်ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပသည့်(၃)ရက်တာ ကျောက်မျက် ရတနာပြပွဲတွင် "လက်ဝတ်ရတနာအလုပ်ရုံအတွက် စိန်ခေါ်မှုများနှင့် အလားအလာရှိသော ရှေ့ဆက် လှမ်းမည့်ခရီး" ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲ၌ ကျောက်မျက်ကျွမ်းကျင်ပညာရှင်များက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်းရေးသားဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ့် ကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များတင်ပြသည့် အဓိကအချက်မှာ ဘင်္ဂလားဒေ့ရှ့်နိုင်ငံတွင် ရွှေကုန်ကြမ်းမရရှိနိုင်ခြင်း၊ ကြီးမားသောရင်းနှီးမြှုပ်နှံမှုမရှိခြင်း၊ ပြည်တွင်း ဈေးကွက်ကိုသာမှီခိုနေရခြင်းသည် ရွှေကဏ္ဍအတွက် အဓိကစိန်ခေါ်မှု အချို့ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

ဘင်္ဂလားဒေ့ရှ့်နိုင်ငံတွင် ရိုးရာလက်မှုရွှေလက်ဝတ်ရတနာများကို လက်ပန်းထိမ်ဖြင့် ပြုလုပ်သည့် လုပ်ငန်းတွင် လုပ်သားအများအပြားရှိကြောင်း ဘင်္ဂလားဒေ့ရှ့်ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ ပြောကြားထားသည်ကိုရေးသားဖော်ပြထားပါသည်။

ဘင်္ဂလားဒေ့ရှ် ရိုးရာလက်မှုရွှေလက်ဝတ်ရတနာများသည် အမေရိကန်၊ ကနေဒါနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ဝယ်လိုအားကောင်းမွန်ကြောင်းကိုလည်းရေးသားဖော်ပြထားသည်။

https://www.dhakatribune.com/commerce

Border Trade News

Pages