ဗဟိုဘဏ်အတိုးနှုန်း သုည ရာခိုင်နှုန်းအောက်အထိကျဆင်းမှုကြောင့် ဂျပန်စီးပွားရေးလုပ်ငန်းများက ကာလရှည်ဘွန်းစာချုပ်များ ထုတ်ဝေ

Fri, 03/18/2016 - 08:43 -- admin_ygn

ဂျပန်ဗဟိုဘဏ်က အတိုးနှုန်းကို   သုည ရာခိုင်နှုန်း  အောက်သို့လျှော့ချရန်  ဆုံးဖြတ်ချက်ချမှတ်မှုကြောင့် တချို့ ကုမ္ပဏီတွေက အချိန်ကာလကြာမြင့်မှ အချိန်စေ့ရောက်မယ့် ဘွန်းစာချုပ်တွေကို ထုတ်ဝေလာကြကြောင်း စထရိတ် တိုင်းမ် သတင်းမှာ ဖော်ပြထားပါတယ်။တစ်ချိန်ကဆိုလျှင် ဒီလို ကာလရှည်ဘွန်းစာချုပ် တွေကို ရင်းနှီးမြှုပ်နှံသူတွေက ရှောင်ကြပါတယ်။ အစဉ်အလာအား ဖြင့် ၁၀ နှစ်ကျော်မှ အချိန်စေ့ရောက်တဲ့ ဘွန်းစာချုပ်တွေ ကို ပြည်သူ့ အသုံး အဆောင်လုပ်ငန်းနဲ့ မီးရထားကော်ပိုရေးရှင်း တို့ကဲ့သို့သော ကုမ္ပဏီအနည်းငယ်သာ ထုတ်ဝေကြပြီး ရင်းနှီး မြှုပ်နှံသူတွေကလည်း အဲဒီလိုစိတ်ချလောက် အောင်ဝင်ငွေရ ရှိတဲ့ အဖွဲ့အစည်းတွေက  ထုတ်ဝေမှသာ စိတ်ချရတယ်လို့ ယူဆကြပါတယ်။ဒါပေမယ့်   ဂျပန်စီးပွားရေး  ပြန်လည်ရှင်သန်လာဖို့ အတွက် ဂျပန်ဗဟိုဘဏ်အတိုးနှုန်းကို     သုည ရာခိုင်နှုန်း အောက်သို့လျှော့ချပြီးနောက် ကာလတိုဘွန်းစာချုပ်တွေရဲ့ အတိုး နှုန်းတွေလွင့် ပါးေ ပျာက် ကွယ်ခဲ့ရပါတယ်။ ရင်းနှီးမြှုပ်နှံ သူတွေကလည်း အကျိုးအမြတ်ပိုမိုရှိလာမယ့် ကာလရှည်ဘွန်း စာချုပ်တွေမှာ ရင်းနှီးမြှုပ်နှံလာကြပါတယ်။မကြာသေးမီက ရထားလုပ်ငန်းတွေက ကာလရှည်သက် တမ်းစေ့ရောက်မယ့် ဘွန်းစာချုပ်တွေထုတ်ဝေခဲ့ပါတယ်။ အလားတူပဲ အစားအစာ ကုမ္ပဏီတွေနဲ့ Discount Company Groups  ကလည်း ထုတ်ဝေခဲ့ကြပါတယ်။ဖေဖော်ဝါရီလအတွင်း က အနောက်ပိုင်းဂျပန် မီးရထား ကုမ္ပဏီကစာချုပ်ယန်း ၁၀ ဘီလီယံဖိုးရှိ နှစ်လေးဆယ်ဘွန်း စာချုပ်ကို ထုတ်ဝေခဲ့ရာ ဂျပန်ကုမ္ပဏီက ထုတ်ဝေခဲ့တဲ့ ဘွန်း စာချုပ်တွေအနက် သက်တမ်းအရှည်ဆုံးဖြစ်ကြောင်း သွမ်မ ဆင်းရိုက်တာသတင်းဌာနက ပြောပါတယ်။

International Trade News

Pages