၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၉၇ ထရီလီယံအထိ စံချိန်တင်မြင့်တက်လာသော ကမ္ဘာ့ကြွေးမြီအပေါ် လိုအပ်သည်များဆောင်ရွက်ရန် ကုလသမဂ္ဂက တိုက်တွန်းထား

Mon, 06/17/2024 - 04:14 -- wtodep

ဇွန် ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ အစီရင်ခံစာအရ တိုးမြင့်လာသည့် ကမ္ဘာ့ကြွေးမြီများက ဖွံ့ဖြိုးတိုးတက်ရေးကို အနှောက်အယှက်ဖြစ်စေကြောင်း သတိပေးခဲ့သည်။ “ကြွေးမြီများနှင့်ကမ္ဘာ ၂၀၂၄ - ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ဝန်ထုပ်ဝန်ပိုး” ဟု ခေါင်းစဉ်တပ်ထားသည့် အစီရင်ခံစာတွင် အစိုးရများ ၏ ပြည်တွင်းပြည်ပ ချေးငွေများကြောင့် မကြုံစဖူး အကြွေးများမြင့်တက်လာမှုကို အလေးပေးဖော်ပြထား ပါသည်။ ပြည်ပကြွေးမြီသည် ၂၀၂၃ ခုနှစ်ကထက် အမေရိကန်ဒေါ်လာ ၅.၆ ထရီလီယံပို၍ ၂၀၂၄ ခုနှစ် တွင် ၉၇ ထရီလီယံအထိ မြင့်တက်ခဲ့ပါသည်။

ကမ္ဘာ့အကျပ်အတည်းများကြားမှ အထူးသဖြင့် အာဖရိကနိုင်ငံများတွင် ကြွေးမြီဝန်ထုပ်ဝန်ပိုး ပိုမိုကြီးမား ခဲ့ပြီး တစ်ဦးချင်းအသားတင်ထုတ်လုပ်မှုကြွေးမြီ ၆၀ % အထက်ရှိသော အာဖရိကနိုင်ငံအရေအတွက်သည် ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ၆ နိုင်ငံမှ ၂၇ နိုင်ငံသို့ တိုးလာခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ ကြွေးမြီပြန်ဆပ်ရခြင်းကြောင့် ကုန်ကျစရိတ်ပိုများပြီး အချိုးအစားမျှတမှုမရှိပဲ ထိခိုက်စေပါ သည်။ ၂၀၂၃ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများက အသားတင် အတိုးတန်ဖိုး ဒေါ်လာ ၈၄၇ ဘီလီယံပေးချေခဲ့ ရပြီး ၂၀၂၁ ခုနှစ်ကထက် ၂၆ % တိုးလာခဲ့ခြင်းဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် နိုင်ငံတကာငွေချေး နှုန်းတွင် အမေရိကန်ထက် နှစ်ဆမှ လေးဆအထိ နှင့် ဂျာမနီထက် ခြောက်ဆမှ ၁၂ ဆအထိ မြင့်မားသော အတိုးနှုန်းများဖြင့် ချေးခဲ့ရခြင်းဖြစ်ပါသည်။

အတိုးနှုန်းများ လျင်မြန်စွာမြင့်တက်လာခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရန်ပုံငွေကို ကန့်သတ်ခြင်းဖြစ်ပြီး လက်ရှိတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထက်ဝက်သည် အစိုးရဝင်ငွေ၏ အနည်းဆုံး ၈% ကို ကြွေးမြီ ပြန်ဆပ်ရန် သတ်မှတ်ထားရပါသည်။ အဆိုပါအရေအတွက်သည် ဆယ်နှစ်အတွင်း နှစ်ဆတိုးလာခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံ ၅၄နိုင်ငံသည် (အာဖရိကနိုင်ငံများ ထက်ဝက်ပါရှိပါသည်) အစိုးရရန်ပုံငွေ၏ အနည်းဆုံး ၁၀% ကို အတိုးပေးချေရန် သတ်မှတ်ခဲ့သည်။

ကမ္ဘာ့အခက်အခဲများ ပြင်းထန်လာသည်နှင့်အမျှ ကမ္ဘာ့ပူနွေးလာမှုကို ၁.၅ ဒီဂရီစင်တီဂရိတ်အထိ ကန့် သတ်ရန် ကြိုးပမ်းမှုကလည်း အရေးကြီးကိစ္စ ဖြစ်လာသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံများကမူ လက်ရှိတွင် ၎င်းတို့ GDP ၏ ၂.၄% အား အတိုးပေးချေရန် နှင့် ၂.၁% အား ရာသီဥတုဆိုင်ရာကိစ္စများ ဆောင်ရွက်ရန် ခွဲဝေထားသဖြင့် ကြွေးမြီကိစ္စသည် ရာသီဥတုပြောင်းလဲမှုကိစ္စထက် ပိုမိုခက်ခဲနေပါသည်။

အစီရင်ခံစာအရ ပညာရေး သို့မဟုတ် ကျန်းမာရေး အသုံးစရိတ်ထက် အတိုးပေးချေရန် ပိုမိုသုံးစွဲသော နိုင်ငံများတွင် နေထိုင်သည့် လူဦးရေ ၃.၃ ဘီလီယံခန့် ရှိကြောင်း ဖော်ပြထားပါသည်။ တဦးကျဝင်ငွေအရ အာဖရိကတွင် လူတစ်ဦးသည် ပျမ်းမျှအားဖြင့် အတိုးအတွက် သုံးငွေမှာ $ ၇၀ ရှိပြီး ပညာရေးတွင် $ ၆၀ နှင့် ကျန်းမာရေးတွင် $ ၃၉ သုံးစွဲကြောင်းတွေ့ရပါသည်။ အာဖရိက လူဦးရေတစ်ခုလုံး၏ သုံးပုံနှစ်ပုံနီးပါး ရှိသည် လူပေါင်း (၇၆၉) သန်းသည် ပညာရေး သို့မဟုတ် ကျန်းမာရေးတွင် ရင်းနှီးမြုပ်နှံမှုထက် အတိုးပေး နေရသည့် နိုင်ငံများတွင် နေထိုင်ကြပါသည်။

ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ထောက်ပံ့ရန် အကြံပြုချက်များ

အစီရင်ခံစာက ကမ္ဘာ့ငွေကြေးစနစ်ကို ပြန်လည်ပြင်ဆင်ရန်နှင့် လက်ရှိကြွေးမြီအကျပ်အတည်းကို ဖြေ ရှင်းနိုင်မည့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDG) ဆိုင်ရာ Stimulus Package အတွက် အောက်ပါ အကြံပြုချက်များကို တင်ပြထားပါသည် -

  • ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ထိရောက်စွာ ပါဝင်နိုင်ရေး၊
  • ပြဿနာ များကို ဖြေရှင်းရေး၊
  • ငွေဖြစ်လွယ်မှုကို ပံ့ပိုးပေးရန် ပြုပြင်လွယ်သော ငွေကြေးမူဝါဒများ ချမှတ်ရေးနှင့် နိုင်ငံများကို အကြွေးနွံ့မနစ်စေရေး၊
  • ဖွံ့ဖြိုးတိုးတက်ရေးဘဏ်များနှင့် ပုဂ္ဂလိကအရင်းအမြစ်များကို ချဲ့ထွင်ရေး၊

ယခုအစီရင်ခံစာပါ အချက်များကို ဇွန် ၅ ရက်တွင် ကျင်းပသည့် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များအတွက် လှုံ့ဆော်ရေး ခေါင်းဆောင်များအဖွဲ့၏ အဖွင့်အစည်းအဝေးတွင် အသိပေးမည် ဖြစ် သည်။ အဆိုပါအဖွဲ့သည် မြင့်မားသော ကြွေးမြီကုန်ကျစရိတ်နှင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ရေရှည်ငွေကြေးထောက်ပံ့မှုကို မြှင့်တင်ခြင်းနှင့် ရေတိုငွေဖြစ်လွယ်မှု ခက်ခဲနေသော နိုင်ငံများအား အရေးပေါ်ဘဏ္ဍာငွေထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခြင်းတို့ကို အကြံပြုသွားမည်ဖြစ်ကြောင်း UNCTAD website တွင် ဖော်ပြထားပါသည်။

Source: https://unctad.org/

 

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages