ပုံမှန်ကွန်ပရက်ဆာနည်းပညာဖြင့် အအေးပေးစနစ်အပြင် ဉာဏ်ရည်တုနှင့် semiconductor နည်းပညာကို အသုံးပြုထုတ်လုပ်လိုက်သည့် ပထမဆုံးရေခဲသေတ္တာကို Samsung Electronics မှ ကြာသပတေးနေ့က မိတ်ဆက်ခဲ့ပြီး အသုံးပြုသူများအတွက် လျှပ်စစ်ဓါတ်အားခ ၃၀ % သက်သာစေကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။
၂၄ နာရီပတ်လုံး မီးအားသုံးရသော ရေခဲသေတ္တာများကြောင့် လျှပ်စစ်ကုန်ကျစရိတ်လျှော့ချရန်မှာ သုံးစွဲသူများ၏ အဓိကလိုအပ်ချက်ဖြစ်လာရာ Hybrid ရေခဲသေတ္တာအမျိုးအစားသစ်ကို တီထွင်လိုက်ခြင်းဖြစ်ကြောင်း၊ ဆမ်ဆောင်း၏ တီထွင်မှုနည်းပညာနှင့် စားသုံးသူများ၏ နေ့စဉ်ဘဝအဆင်ပြေစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရေခဲသေတ္တာငယ်များနှင့် ရေသန့်စင်စက်များတွင် အသုံးများသော Peltier ဒြပ်စင်ကို အသုံးပြုထားသဖြင့် တစ်ဖက်မှ အပူကိုစုပ်ယူကာ တစ်ဖက်တွင် အပူထုတ်လွှတ်စေကြောင်း Samsung က ပြောကြားခဲ့သည်။
AI နည်းပညာသုံး ကွန်ပရက်ဆာသည် ပုံမှန်အခြေအနေတွင် စွမ်းအင်သုံးစွဲမှုကိုတည်ငြိမ်ရန် ထိန်းသိမ်းပေးသော်လည်း ပူပြင်းသောနွေရာသီတွင် ရေခဲစားသုံးမှုများပြားချိန် သို့မဟုတ် အစားအစာအသစ် အများအပြားထည့်သည့်အချိန်တို့တွင် စွမ်းအင်တိုးမြင့် လိုအပ်လာသောကြောင့် Peltier ဒြပ်စင်က လျင်မြန်စွာ အေးစေနိုင်ကြောင်း၊ ယခု AI အခြေခံစွမ်းအင်ပုံစံကို Internet of Things (IoT) ပလပ်ဖောင်း SmartThings မှတဆင့် အသုံးပြုနိုင်ပြီး ရေခဲသေတ္တာတွင်ထည့်သွင်းထားသော AI algorithm က တံခါးဖွင့်/ပိတ်ရုံဖြင့် လျှပ်စစ်စွမ်းအင် မည်မျှလိုအပ်နေကြောင်း သတ်မှတ်နိုင်သည်ဟု ကုမ္ပဏီမှ ပြောကြားခဲ့သည်။
Source: https://www.koreatimes.
WTO ဌာနခွဲ
ကုန်သွယ်ရေးဦးစီးဌာန