အင်ဒိုနီးရှားနိုင်ငံသည် အဝတ်အထည်နှင့် ကြွေထည်ပစ္စည်းများအပေါ် အခွန် ၁၀၀ % မှ ၂၀၀ % အထိ စည်းကြပ်ကောက်ခံမည်

Thu, 07/25/2024 - 03:54 -- wtodep

အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းစက်မှုလုပ်ငန်းများကို ကာကွယ်ရန်ဖိနပ်မှစ၍ ကြွေထည်ပစ္စည်းများအထိ သွင်းကုန်များအပေါ် ၁၀၀ % မှ ၂၀၀ % အထိ အခွန်စည်းကြပ်မည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါသည်။ အရှေ့တောင်အာရှ၏ ထိပ်တန်းစီးပွားရေးနိုင်ငံဖြစ်သော အင်ဒိုနီးရှားသည် စားသောက်ကုန်မှစ၍ လျှပ်စစ်ပစ္စည်းများ ၊ ဓာတုပစ္စည်းများအထိ သွင်းကုန်အမယ် ၃၀၀၀ ကျော်အပေါ် စောင့်ကြည့်ရန်နှင့်တင်းကြပ်ရန် စည်းမျဉ်းတစ်ခု ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက ထုတ်ပြန် ခဲ့ပါသည်။ သို့သော် ပြည်တွင်းစက်မှုလုပ်ငန်းများက အဆိုပါစည်းမျဉ်းကြောင့် လိုအပ်သောသွင်းကုန်များတင်သွင်းမှုကို အဟန့်အတားဖြစ်စေကြောင်း ပြောကြားခဲ့သဖြင့် ပြန်လည်ဖြေလျော့ ခဲ့ရပါသည်။

ဖိနပ်၊ အဝတ်အထည်၊ အထည်အလိပ်၊ အလှကုန်နှင့် ကြွေထည်ပစ္စည်းများ တင်သွင်းမှုအပေါ် ကောက်ခံမည့် အခွန်နှုန်းများကို မကြာမီပြဋ္ဌာန်းတော့မည်ဖြစ်ကာ အင်ဒိုနီးရှား၊ ကုန်သွယ်မှုဆိုင်ရာ ကာကွယ်ရေးကော်မတီက ချမှတ်သင့်သည့် အကောက်ခွန်နှုန်းထားများကို စုံစမ်းစစ်ဆေးနေကြောင်း သိရှိရပါသည်။

အင်ဒိုနီးရှားစာရင်းအင်းဌာနအဆိုအရ အင်ဒိုနီးရှားသည် တရုတ်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်တို့မှ အဝတ်အထည်များနှင့် အဝတ်အစားအသုံးအဆောင်များကိုအဓိကတင်သွင်းကြောင်း သိရှိရပါသည်။

Source: https://https://asia.nikkei.com

 

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages