လာအို - ဗီယက်နမ် နှစ်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် QR ဖြင့် ငွေပေးချေမှုကို ဩဂုတ်လ၌ စတင်မည်

Thu, 07/04/2024 - 03:45 -- wtodep

လာအိုနှင့်ဗီယက်နမ် ဗဟိုဘဏ်များသည် နှစ်နိုင်ငံကြား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းများ အပြန်အလှန် ဆောင်ရွက်နိုင်ရန် QR ဖြင့် ငွေပေးချေမှုကို ဩဂုတ်လ၌ စတင်တော့မည် ဖြစ်ကြောင်း လာအိုဗဟိုဘဏ်ဥက္ကဌ Bounluea Sinxayvoravong က (၇)ကြိမ်မြောက် အမျိုးသား လွှတ်တော်၌ တင်ပြခဲ့ပါသည်။

နှစ်စဉ် ဗီယက်နမ်ခရီးသွား ထောင်ပေါင်းများစွာသည် လာအိုသို့ လာရောက်လည်ပတ်လျှက်ရှိရာ ယခုနှစ် အစောပိုင်းက လာရောက်သည့် ခရီးသည် ၁.၁ သန်းတွင် ဗီယက်နမ်ခရီးသည် ၂၆၃,၀၀၀ ဦး ပါဝင်ပါသည်။ လာအိုသည် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် ဒေသတွင်း ငွေလွှဲခြင်းနှင့် ငွေပေးချေမှု များ အဆင့်မြှင့်တင်နိုင်ရန်အတွက် QR ငွေပေးချေမှုစနစ်ကို ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည့် အိမ်နီးချင်းနိုင်ငံများနှင့် စတင်ရန် စီမံခဲ့ခြင်းဖြစ်ပါသည်။

လက်ရှိတွင် လာအိုအလုပ်သမားများ၊ ခရီးသွားများက နှစ်ဖက်ဘဏ်များမှတဆင့် ထိုင်းနိုင်ငံနှင့် QR ငွေပေးချေမှုစနစ်ကို ဆောင်ရွက်နေကြပြီး ဇူလိုင်လမှစ၍ ထိုင်းကမ္ဘာလှည့် ခရီးသည်များကလည်း လာအိုဘဏ်များ၏ ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပါသည်။ လာအိုနှင့် ကမ္ဘောဒီးယားအကြား  နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် QR ဖြင့် ငွေပေးချေမှုကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်းက စတင်ခဲ့ ပြီးဖြစ်ပါသည်။

လာအိုဗဟိုဘဏ်ဥက္ကဌက ယခုစနစ်ကြောင့် လာအိုစီးပွားရေးအပေါ်ကောင်းကျိုးခံစားစေရမည်ဖြစ်ပြီး အထူးသဖြင့် နိုင်ငံခြားခရီးသွားဧည့်သည် အမြောက်အမြားအသုံးပြုပါက နိုင်ငံခြားဝင်ငွေသည် လာအို ဘဏ်များသို့ တိုက်ရိုက်စီးဝင်ပြီး ဗဟိုဘဏ်မှ ချမှတ်သော ငွေလဲနှုန်းကို တည်ငြိမ်စေနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

Source: https://laotiantimes.com/

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages