ကမ္ဘောဒီးယားမှ တရုတ်သို့ ကင်းပုစွန်ထုပ်အရှင် ၃ တန်ကျော် တင်ပို့ခဲ့

Mon, 06/24/2024 - 03:57 -- wtodep

ကမ္ဘောဒီးယား စိုက်ပျိုးရေး၊သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာန အဆိုအရ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ တွင် စမ်းသပ်သည့်အနေဖြင့် စခဲ့သည့် ကမ္ဘောဒီးယားမှ တရုတ်သို့ ကင်းပုစွန်ထုပ်(Mantis Prawn) အရှင် တင်ပို့မှုသည် ယခုအခါ ၃ တန်ကျော်သွားပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် ၁,၀၉၅ ကီလို ဂရမ်သာ ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ ပထမ ၂ လအတွင်း အလေးချိန် ၂၁၀၀ ကီလိုဂရမ်ထိ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ရာသီဥတုပူပြင်းမှုကြောင့် ကင်းပုစွန်ထုပ်တင်ပို့မှုမှာ နည်းပါးသော်လည်း အေးသောရာသီတွင် တိုးမြင့်တင်ပို့မည်ဖြစ်ကြောင်း၊ ပုစွန်ထုပ်အရှင် ဝယ်လိုအားမြင့်မားသည့် တရုတ်နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရန် ဝန်ကြီးဌာနနှင့်ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။

ရင်းမြစ်။        https://www.khmertimeskh.com

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages