လောင်စာဆီဈေးနှုန်းများ ကျဆင်းနေသော်လည်း ဆော်ဒီ ဦးဆောင်သော ထုတ်လုပ်သူများက ထုတ်လုပ်မှုကို ဆက်လက်လျှော့ချမည်

Mon, 06/24/2024 - 03:50 -- wtodep

အရှေ့အလယ်ပိုင်းပြဿနာများနှင့် နွေရာသီခရီးသွားကာလ စတင်တော့မည်ဖြစ်သော်လည်း လောင်စာဆီဈေးမတက်ခြင်းကို ဆက်လက်ထောက်ခံသည့်အနေဖြင့်  ဆော်ဒီနှင့်မိတ်ဘက် လောင်စာဆီထုတ် လုပ်သည့်နိုင်ငံများက လာမည့်နှစ်တွင် လောင်စာဆီထုတ်လုပ်မှုကို ဆက်လက်လျှော့ချရန် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဆုံးဖြတ်ခဲ့ကြသည်။

ရုရှားအပါအဝင် လောင်စာဆီထုတ်လုပ်သည့် OPEC+ နိုင်ငံများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နေ့အထိ တရက်လျှင် လောင်စာဆီ စည်ပေါင်း ၂ သန်း လျှော့ချထုတ်လုပ်ရန် အွန်လိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

နိုင်ငံ့စီးပွားရေးကို ရုပ်ကြွင်းလောင်စာဆီ တင်ပို့မှုမှခွဲထွက်ရန် ကြိုးပမ်းနေသော ဆော်ဒီအနေဖြင့် လောင်စာဆီဈေးတက်ရန် လိုလားသကဲ့သို့ ယူကရိန်းနှင့်စစ်ဖြစ်နေသော ရုရှားအနေဖြင့်လည်း နိုင်ငံ့စီးပွားရေးတိုးတက်မှု ဆက်လက်ထိန်းသိမ်းရန် လောင်စာဆီဈေးတက်ရန် လိုအပ်ပါသည်။ ဆော်ဒီအပါ  အဝင် မိတ်ဖက်နိုင်ငံများက တစ်ရက်လျှင် လောင်စာဆီစည်ပေါင်း ၂.၂ သန်း ထပ်မံ လျှော့ချထုတ်လုပ်ရန် ဆန္ဒအလျှောက် ဆုံးဖြတ်ခဲ့ခြင်းအပေါ် OPEC+၏ ကြေညာချက်တွင် ဖော်ပြထားခြင်းမရှိသေးပါ။

နိုင်ငံတကာလောင်စာဆီ စံနှုန်းဖြစ်သော Brent အရ ပြီးခဲ့သည့်လအတွင်း လောင်စာဆီ တစ်စည်လျှင် ကန်ဒေါ်လာ ၈၁ မှ ၈၃ ထိ ဈေးပေါက်ခဲ့ပါသည်။ ဂါဇာတိုက်ပွဲများနှင့် ပင်လယ်နီတိုက်ပွဲများရှိသော်လည်း လောင်စာဆီသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း နောက်ဆုံးဈေး တစ်စည်လျှင် ကန်   ဒေါ်လာ ၁၀၀ ကဲ့သို့ ဈေးမတက်ခဲ့ခြင်းမှာ အတိုးနှုန်းများတက်ခြင်း၊ ဥရောပနှင့် တရုတ်တို့တွင် မျှော်မှန်းသလောက် စီးပွားရေးတိုးတက်မှုမရှိသောကြောင့် ဝယ်လိုအားကျဆင်းခြင်း၊ အမေရိကန် ထုတ်လုပ်သူများ အပါအဝင် အိုပက်အဖွဲ့ဝင် မဟုတ်သောနိုင်ငံများမှ  လောင်စာဆီရောင်းချခြင်းတို့ ကြောင့် ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လတွင် တစ်ဂါလံလျှင် အမေရိကန် ၅  ဒေါ်လာ မှတ်တမ်းတင် ဈေးတက်ခဲ့သော ဓာတ်ဆီဈေးသည် ပြီးခဲ့သည့်အပတ်က တစ်ဂါလံလျှင် အမေရိကန်ဒေါ်လာ ၃.၆ ပေါက်ခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလ ဈေးနှုန်းထက်လည်း အနည်းငယ်လျော့ကျခဲ့ပါသည်။

အမေရိကန် ဓါတ်ဆီဈေးနှုန်းသည် ရေနံစိမ်းဈေးနှင့်အတူ တက်လေ့ရှိပြီး ရေနံစိမ်းဈေး တစ်ဂါလံဈေး သည် ဓာတ်ဆီ ဂါလံဝက်ဈေးနှုန်းနှင့်တူညီပါသည်။ လောင်စာဆီဈေးနှုန်းသည် အခွန်အပေါ် မူတည်နေ သည့် ဥရောပတွင် ဈေးနှုန်းအတက်အကျ အနည်းဆုံးဖြစ်ပါသည်။

https://triblive.com/news/

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages