ပထမအကြိမ် ဂျပန်-ဘင်္ဂလားဒေ့ရှ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲ ကျင်းပခဲ့

Wed, 06/12/2024 - 03:48 -- wtodep

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဒါကာမြို့၌ ၂၀၂၄ ခုနှစ်၊ မေလ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့ထိ (၅) ရက်ကြာ ကျင်းပခဲ့သည့် ပထမအကြိမ် ဂျပန်-ဘင်္ဂလားဒေ့ရှ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီ ချက်ဆိုင်ရာ စေ့စပ်ဆွေးနွေးညှိနှိုင်းပွဲသို့ ဂျပန်နိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးရာ ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် စီးပွားရေးသံအမတ်ကြီး Taketani Atsushi နှင့် သက်ဆိုင် ရာ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ကုန်သွယ်မှုနှင့် အကောက်ခွန် ကော်မရှင်ဥက္ကဋ္ဌ Dr. Ahmad Munirus Saleheenနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြောင်း ဂျပန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ကုန်စည်ကုန်သွယ်မှု၊ ပင်ရင်းနိုင်ငံစည်းမျဉ်းများ၊ အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အီလက်ထရောနစ်နည်းလမ်း ဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် မူပိုင်ခွင့် စသည့်ကိစ္စရပ်များအပေါ်ညှိနှိုင်းခဲ့ကြပြီး၊ ဒုတိယအကြိမ် ဆွေးနွေးပွဲ ကျင်းပမည့်ရက်ကို သံတမန်လမ်းကြောင်းများမှတစ်ဆင့် စီစဉ်ဆောင်ရွက်သွားရန် နှစ်ဘက်စလုံးက ဆုံးဖြတ်ခဲ့ကြောင်းကို ဒါကာမြို့ရှိ ဂျပန်သံရုံးက ပြောကြားခဲ့ပါသည်။

ဆွေးနွေးညှိနှိုင်းမှုများ စတင်ခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး၊ ဘင်္ဂလားဒေ့ရှ်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန်၊ ကုန်သွယ်မှုနှင့် အကောက်ခွန်ကော်မရှင်ဥက္ကဋ္ဌနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဦးဆောင်ညှိနှိုင်းရေး မှူး တို့ ဖွင့်ပွဲအခမ်းအနားသို့ပါဝင်တက်ရောက်ခဲ့ပါသည်။

Source:https://www.bssnews.net/business/190982

 

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages