ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP) နှင့် နှစ်နိုင်ငံ လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက် (FTAs) များကြောင့် ကမ္ဘောဒီးယားသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလာရောက်ပြီး ပို့ကုန်များတိုးမြှင့်

Tue, 06/11/2024 - 03:40 -- wtodep

ကမ္ဘောဒီးယားနိုင်ငံသည် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံပေါင်း (၁၅) နိုင်ငံအကြား လက်မှတ်ရေးထိုး ထားသည့် RCEP သဘောတူညီချက်၏ အဖွဲ့ဝင်ဖြစ်သလို တရုတ်၊ တောင်ကိုရီးယားနှင့် အာရပ်စော်ဘွား များပြည်ထောင်စုတို့နှင့်လည်း နှစ်နိုင်ငံလွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက် လက်မှတ်ရေးထိုး ထားပါသည်။

အဆိုပါသဘောတူညီချက်များကြောင့် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်ပြီး ပို့ကုန်တိုးမြှင့်ရန် ကူညီပေးမည်ဟု မျှော်လင့်ကြောင်း၊ နိုင်ငံ့စီးပွားရေးသည် ပို့ကုန် တိုးမြင့်မှု၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပြန်လည်ဦးမော့လာမှု၊ သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး တစ်ရှိန်ထိုး အားကောင်းလာမှု၊ လယ်ယာကဏ္ဍ ပုံမှန်တိုးတက်မှုတို့ကြောင့် ၂၀၂၃ ခုနှစ်တွင် ၅ % တိုး တက်ခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ၆% အထိ တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း ကမ္ဘောဒီးယား ဗဟို ဘဏ် ဥက္ကဌ CheaSerey က ဘဏ္ဍာရေးတည်ငြိမ်မှုနှီးနှောဖလှယ်ပွဲ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပါ သည်။

အစိုးရအစီရင်ခံစာအရ ကမ္ဘောဒီးယားသည် ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၅ဘီလီယံကို ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်ပေါင်း ၁၃၀,၀၀၀ ခန့်ဖန်တီးပေးခဲ့ ကြောင်း၊ ဇန်နဝါရီမှ ဧပြီလအတွင်း ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၈ ဘီလီယံ တင်ပို့ခဲ့ကာ ပြီးခဲ့သည့်နှစ် ကာလတူ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၆.၉၄ ဘီလီယံထက် ၁၅.၂ % မြင့်တက်လာကြောင်း ဖော်ပြထား ပါသည်။

ကမ္ဘောဒီးယား စီးပွား/ကူးသန်းဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က RCEPနှင့် နှစ်နိုင်ငံ FTA များကြောင့် ကမ္ဘောဒီးယားသည် ၂၀၃၀ ပြည့်နှစ်တွင် ဝင်ငွေ အလယ်အလတ်အဆင့်နှင့် ၂၀၅၀ ပြည့်နှစ်တွင် ဝင်ငွေမြင့်မားသော နိုင်ငံဖြစ်လာရန် ကူညီနိုင်ကြောင်း၊ ကုန်သွယ်မှု ရေရှည်တိုး တက်ရုံမက ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း ဆင်ဟွာသို့ ပြော ကြားခဲ့ပါသည်။

ကမ္ဘောဒီးယားတော်ဝင်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးဌာန၊ ညွှန်ကြားရေးမှူးချုပ် Kin Phea က ကမ္ဘောဒီးယား၏ လူမှုစီးပွားဖွံ့ဖြိုးမှု ရေရှည်တိုးတက်ရေးအတွက် ယခုသဘောတူညီချက်များအပြင် တရုတ်နိုင်ငံ၏ ပိုးလမ်းမစီမံကိန်းတွင်လည်း ပါဝင်ထားကြောင်း၊ တရုတ်နိုင်ငံ၏ BRI မူဘောင်တွင်  အဝေးပြေးလမ်းများ၊ တံတားများ၊ အမြန်လမ်းများ၊ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အထူး စီးပွားရေးဇုန်များ၊ ဆိပ်ကမ်းများနှင့် လေဆိပ်များကဲ့သို့ အခြေခံအဆောက်အအုံစီမံကိန်းများ ပါဝင် ကြောင်း၊ အဆိုပါစီမံကိန်းများက ကမ္ဘောဒီးယား၏ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအပေါ် သိသာစွာ အကျိုးသက်ရောက်စေမှာဖြစ်ပြီး ဆင်းရဲမွဲတေမှုမှလွတ်မြောက်ရန် အခွင့်အလမ်းများ၊ အပြန်အလှန် အကျိုးအမြတ်များ ရရှိမှာဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းများသည် လမ်းပန်းဆက်သွယ်ရေး တိုးတက် ရန်၊ လျှပ်စစ်ဓာတ်အား ရေရှည်ဖြန့်ဖြူးနိုင်ရန်၊ စီးပွားရေးယှဉ်ပြိုင်နိုင်မှုတိုးမြှင့်ရန်၊ ထောက်ပံ့ ပို့ဆောင် ရေး စရိတ်စကများ လျှော့ချရန် တို့အတွက် များစွာအထောက်အကူပြုကြောင်း၊ စီမံကိန်းများအနက် Sihanoukville အထူးစီးပွားရေးဇုန်၊ ဖနွမ်းပင် - Sihanoukville အမြန်လမ်းနှင့် Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ် တို့ကို သဘောကျကြောင်း ပြောကြားခဲ့ပါသည်။

Source : https://english.news.cn

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages