မူပိုင်ခွင့်၊ မျိုးရိုးဗီဇရင်းမြစ်များနှင့် သက်ဆိုင်ရာရိုးရာအယူတို့နှင့်စပ်လျဉ်းသည့် စာချုပ်အသစ်တစ်ခုကို ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့၊ အဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ကြ

Mon, 06/10/2024 - 03:47 -- wtodep

၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့၏ သံတမန်ရေးရာညီလာခံမှ အဖွဲ့ဝင်နိုင်ငံများ ဆယ်စုနှစ်များစွာ ညှိနှိုင်းခဲ့ရသည့် “မူပိုင်ခွင့်၊ မျိုးရိုးဗီဇ ရင်းမြစ်များနှင့် သက်ဆိုင်ရာရိုးရာအယူ တို့နှင့်စပ်လျဉ်းသည့် စာချုပ်အသစ်ကို မေလ ၂၄ ရက်နေ့ တွင် အတည်ပြုခဲ့ပါသည်။

အဆိုပါစာချုပ်တွင် မူပိုင်ခွင့်၊ မျိုးရိုးဗီဇရင်းမြစ်များနှင့် သက်ဆိုင်ရာ ရိုးရာအယူတို့အကြား ကိစ္စရပ် များကို ဖြေရှင်းရန်နှင့် ဒေသခံအဖွဲ့အစည်းများနှင့် ပြည်သူများအတွက် အထူးပြဋ္ဌာန်းချက်များ ပါဝင်ပါသည်။ ယခုစာချုပ်ကို အဖွဲ့ဝင်(၁၅) နိုင်ငံက အတည်ပြုပြဌာန်းလိုက်ပါက မျိုးရိုးဗီဇရင်းမြစ် များ (နှင့်/သို့မဟုတ်) သက်ဆိုင်ရာ ရိုးရာအယူများအပေါ် အခြေခံထားသော တီထွင်မှုများအား မူပိုင်ခွင့်လာရောက်လျှောက်ထားလျှင် ဆောင်ရွက်ရမည့် နိုင်ငံတကာဥပဒေအသစ်အဖြစ် ထွက်ပေါ် လာမည်ဖြစ်ပါသည်။

ဤသဘောတူစာချုပ်ကို ဆွေးနွေးရန် ကိုလံဘီယာမှ ၁၉၉၉ ခုနှစ်တွင် အဆိုပြုခဲ့ပြီး ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့၌ ၂၀၀၁ ခုနှစ်တွင် စတင်ညှိနှိုင်းခဲ့ကာ ဒေသခံပြည်သူများ၊ ဒေသခံအဖွဲ့အစည်းများအတွက်  ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။

ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ ညွန်ကြားရေးမှူးချုပ် Daren Tang က စာချုပ်အား သဘောတူညီခဲ့ကြခြင်းကို ကြိုဆိုခဲ့ပြီး မျိုးရိုးဗီဇရင်းမြစ်များနှင့် ဒေသခံပြည်သူများ၊ ဒေသခံအဖွဲ့အစည်းများ လက်ခံကျင့်သုံး နေသည့် သက်ဆိုင်ရာရိုးရာအယူတို့အကြား ကိစ္စရပ်များကို ဖြေရှင်းမည့် ပထမဆုံးသမိုင်းဝင်စာ ချုပ်ဖြစ်ကြောင်း၊ ယခုစာချုပ်မှတဆင့် မူပိုင်ခွင့်စနစ်သည် နိုင်ငံအားလုံးနှင့် ဒေသဆိုင်ရာအဖွဲ့အ စည်းများ၏ လိုအပ်ချက်များကို ထည့်သွင်းလျှက် အားလုံးပါဝင်နိုင်သည့် နည်းလမ်းဖြင့် တီထွင်မှု များကို အားပေးနေသည်ကို ပြသနိုင်ခဲ့ကြောင်း၊ ၂၅ နှစ်ကြာ ညှိနှိုင်းမှုများကို တူညီဆန္ဒ ရရှိခဲ့ခြင်း သည် ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့တွင် နိုင်ငံစုံစနစ် ကောင်းမွန်စွာလည်ပတ်နေမှုကို သက်သေပြခြင်းဖြစ် ကြောင်း၊ သမိုင်းဝင်ကိစ္စအတွက် ပြီးခဲ့သည့်ဆယ်စုနှစ်များမှစ၍နောက်ဆုံးသီတင်းပတ်အထိ မမော မပန်း ဆောင်ရွက်ခဲ့ကြသည့် ညှိနှိုင်းရေးမှူးများအားလုံးကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့သည်။

သံတမန်ရေးရာညီလာခံ သဘာပတိ၊ ဘရာဇီးအမြဲတမ်းကိုယ်စားလှယ် Guilherme de Aguiar Patriota က စာချုပ်အသစ်သည် ဤသံတမန်ရေးရာညီလာခံ၏ ကောင်းမွန်မျှတသော ရလဒ်တစ်ခု ဖြစ်ကြောင်း၊ ကွဲပြားသော အကျိုးစီးပွားများအတွက် နှစ်ပေါင်းများစွာ ကာကွယ်ထားမှုများကို ချိန်ညှိရန်နှင့် ဆက်သွယ်ပေါင်းကူးပေးရန် ဖြစ်နိုင်ခြေရှိသည့် အကောင်းဆုံး အပေးအယူများ ပါဝင် ကြောင်း ပြောကြားခဲ့ပါသည်။

ယေဘုယျအားဖြင့် မျိုးရိုးဗီဇရင်းမြစ်ကို အခြေခံထားသော တီထွင်မှုအား မူပိုင်ခွင့်လျှောက်ထားပါ က လျှောက်ထားသူအနေဖြင့် မူရင်းနိုင်ငံ သို့မဟုတ် မျိုးရိုးဗီဇ ရယူထားသည့် ရင်းမြစ်ကို ဖော်ပြရန် လိုအပ်ပါသည်။ ရိုးရာအယူကို အခြေခံထားသော တီထွင်မှုအား မူပိုင်ခွင့်လျှောက်ထားပါက လျှောက်ထားသူအနေဖြင့် အဆိုပါဗဟုသုတ မျှဝေသည့် ဒေသခံပြည်သူများ သို့မဟုတ် ဒေသခံလူမှု အဖွဲ့အစည်းများအား ဖော်ပြရန် လိုအပ်ပါသည်။

မျိုးရိုးဗီဇရင်းမြစ်များနှင့် သက်ဆိုင်ရာရိုးရာအယူအပေါ် ဖွင့်ဆိုချက်

မျိုးဗီဇရင်းမြစ်များတွင် ဥပမာအားဖြင့် ဆေးဖက်ဝင်အပင်များ၊ စိုက်ပျိုးရေး သီးနှံများနှင့် တိရစ္ဆာန် မျိုးစိတ်များ ပါ၀င်ပါသည်။ မျိုးရိုးဗီဇရင်းမြစ်များကို မူပိုင်ခွင့်ဖြင့် တိုက်ရိုက်မကာကွယ်နိုင်သော် လည်း ၎င်းတို့ကို အသုံးပြု၍ တီထွင်ဖန်တီးထားသော တီထွင်မှုများကို မူပိုင်ခွင့်ဖြင့် ကာကွယ်နိုင် သည်။

အချို့သော မျိုးရိုးဗီဇရင်းမြစ်များသည် ဒေသခံပြည်သူများ၊ ဒေသခံလူမှုအဖွဲ့အစည်းများအကြား လက်ဆင့်ကမ်း မျှဝေခဲ့သော ရိုးရာအယူအဆများနှင့်လည်း ဆက်စပ်နေပါသည်။ အချို့ တီထွင်မှု များအတွက် သိပ္ပံနည်းကျ သုတေသနပြုရာတွင် တစ်ခါတစ်ရံ ရိုးရာအယူများကို အသုံးပြုလေ့ရှိပါ သည်။

Source:         https://www.wipo.int/pressroom/en/

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန

International Trade News

Pages