ဇန်နဝါရီအတွင်း အာရှပစိဖိတ်လေကြောင်းသွားလာမှု မြင့်တက်

Thu, 03/24/2016 - 07:44 -- admin_ygn

   လေဆိပ်များအချင်းချင်း တိုက်ရိုက်ဆက်သွယ်မှုများ တိုးတက်လာတဲ့ အတွက်အာရှပစိဖိတ်ဒေသအတွင်း အပြည်ပြည်ဆိုင်ရာလေကြောင်းသွား လာမှုမှာအတက်ဘက်သို့ ဦးတည်လျက်ရှိနေကြောင်းအပြည်ပြည် ဆိုင်ရာ  လေကြောင်းသယ်ယူပို့ဆောင်ရေးအသင်း (International Air Transport Associ ation-IATA) ရဲ့အစီ ရင်ခံစာကို ကိုးကားပြီးဖိလစ်ပင်းစတား အွန်လိုင်းသတင်း မှာဖော်ပြပါတယ်။IATA  မှနောက်ဆုံးထုတ်ပြန်တဲ့ အာရှပစိဖိတ် လေကြောင်းလိုင်းများရဲ့ ဇန်နဝါရီသယ်ယူပို့ဆောင်ရေးအခြေ အနေက လွန်ခဲ့တဲ့တစ်နှစ်ကနဲ့ နှိုင်းယှဉ် ရင် ၁၀ ဒသမ ၃ ရာခိုင်နှုန်း  မြင့်တက် လာခဲ့ကြောင်း သိရပါတယ်။ ယခုကဲ့သို့ တိုးတက်လာခြင်းမှာ လေကြောင်းလိုင်း များရဲ့စွမ်းဆောင်ရည် ၇ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းနဲ့ ထိုစွမ်းဆောင်ရည်ကိုအသုံးချနိုင်မှု ပမာဏကလည်း ၇၉ ဒသမ ၃ ရာခိုင်နှုန်းအထိမြင့်တက်လာခြင်းကြောင့်  ဖြစ်ကြောင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ''လွန်ခဲ့တဲ့ ၁၂ လ အတွင်း အာဆီယံဒေသတွင်းမှာလေကြောင်း လိုင်းတိုက်ရိုက်ဆက်သွယ်မှုအရေအတွက်မြင့်မားလာတဲ့အတွက် ဝယ်လိုအားကိုတွန်းအားပေးပြီးဒေသတွင်း နိုင်ငံများမှာ စီးပွားရေးဖွံ့ဖြိုးမှုကျဆင်းတာကိုခုသာ   ခံသာရှိစေခဲ့ပါတယ်'' လို့ IATA ညွှန်ကြားရေးမှူးချုပ်နဲ့အမှုဆောင်အရာရှိချုပ်တိုနီတိုင်လာက ပြောပါတယ်။ကမ္ဘာ့လေကြောင်း   လုပ်ငန်းရဲ့ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကိုကြည့်ရင် ပြည်တွင်းသယ်ယူပို့ ဆောင်ရေး လုပ်ငန်းတွေမှာရော အပြည်ပြည်ဆိုင်ရာသယ်ယူပို့ဆောင်ရေးလုပ်ငန်း တွေမှာပါဝယ်လိုအားခိုင်မာမှုရှိလာတာကိုတွေ့ရပါတယ်။''မကြာသေးမီကအီကွီတီရှယ် ယာဈေးကွက်တွေကသောင်းကနင်း ဖြစ်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်က ရရှိထားခဲ့တဲ့ ဖွံ့ဖြိုးမှုအလားအလာကို ဇန်နဝါရီ လေကြောင်း  သယ်ယူပို့ဆောင်မှုက ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါ တယ်''လို့ တိုင်လာက ပြောပါတယ်။

 

International Trade News

Pages