WTO စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် အိန္ဒိယနိုင်ငံအား တရုတ်နိုင်ငံက တိုက်တွန်း

Mon, 05/02/2016 - 09:17 -- admin_ygn

ကမ္ဘာ့သံမဏိအများဆုံးထုတ် လုပ်သူဖြစ်သည့် တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံအား ကုန်သွယ်ရေး အတားအဆီး အစီအမံများအား အသုံး မပြုရန်နှင့် တရုတ်သံနှင့်သံမဏိတင်ပို့ သူများ၏ တန်ပြန်စုပုံခွန်ဆိုင်ရာ ကိစ္စ ရပ်များအား စစ်ဆေးရာတွင် ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်း စည်းကမ်းများကို တိတိကျကျ လိုက်နာ ရန် ဧပြီ ၁၈ ရက်က တိုက်တွန်းပြော ကြားခဲ့ကြောင်း သိရပါသည်။တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် ၎င်းင်းတို့တရုတ်နိုင်ငံသည် ကုန်သွယ်ရေး  ဆိုင်ရာ သက်သာမှုများ/ကုစားမှုများ ပြုလုပ်ရာတွင် အကျိုးပြုစေမည့်၊ ကန့် သတ်သင့်သည့်၊ ဥပဒေနှင့်ဆီလျော် ညီညွတ်မည့် စံနှုန်းများ၊ လုပ်ထုံးလုပ် နည်းများကို အစဉ်ထောက်ခံခဲ့ပါ ကြောင်း၊ အိန္ဒိယနိုင်ငံအား ကုန်သွယ် ရေးအကာအကွယ်ပြုမှု အစီအမံများ အား အသုံးမပြုရန်နှင့်တရုတ်သံနှင့် သံမဏိတင်ပို့သူများ၏ တန်ပြန်စုပုံခွန် ဆိုင်ရာ ကိစ္စရပ်များအား စစ်ဆေးရာ တွင် WTO စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာမည်ဟု ၎င်းင်းအနေ ဖြင့် မျှော်လင့်ပါကြောင်း၊ သံမဏိပိုလျှံ မှုသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ် ရပ်ဖြစ်ပြီး နိုင်ငံအားလုံးမှ ပူးပေါင်းပါ ဝင်ကြိုးပမ်းဖြေရှင်းရန် လိုအပ်ကြောင်း၊ ကုန်သွယ်မှုအကာအကွယ်ပြုရေး စီမံ ချက်များသည် အဆိုပါပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဘဲ နိုင်ငံ တကာပုံမှန်ကုန်သွယ်မှုအစီအစဉ်များ အား အဟန့်အတားများ ဖြစ်စေနိုင် ကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြော ကြားထားကြောင်း သိရှိရပါသည်။
ဧပြီလလယ်မှစ၍ အိန္ဒိယနိုင်ငံ သည် သံမဏိကွိုင်နှင့် သံမဏိပြား အပါ အဝင်တရုတ်သံမဏိတင်သွင်းမှု နှင့်စပ်လျဉ်း၍ တန်ပြန်စုပုံခွန်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ် ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လည်း ၎င်း ၏ သံမဏိကုမ္ပဏီများအား ကုန် သွယ်မှုဆိုင်ရာ ပြဿနာများ ဖြေရှင်း ရာ၌ ပြည်ပမှာ ပြိုင်ဘက်ကုမ္ပဏီများ နှင့်ပူးပေါင်းဆောင်ရွက်ရန် အစဉ် တိုက်တွန်းလျက်ရှိကြောင်း တရုတ် တာဝန်ရှိသူတစ်ဦး က ပြောကြားထား ကြောင်း သိရှိရပါသည်။

ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး  မြန်မာသံရုံး၊ နယူးဒေလီမြို့

 

International Trade News

Pages