ှSCG က အာဆီယံတွင် ပထမဦးဆုံးသော သရီးဒီပရင့်တင်းနည်းပညာဖြင့် ပြုလုပ်ထားသည့် ဘိလပ်မြေဆောက်လုပ်မှုပုံစံအား မိတ်ဆက်

Tue, 05/03/2016 - 08:30 -- admin_ygn

   SCG သည်အာဆီယံတွင်ပထမဦးဆုံးသောသရီးဒီပရင့်တင်းနည်းပညာဖြင့် ပြုလုပ်ထားသည့် ဘိလပ်မြေ  ဆောက်လုပ်မှုပုံစံအား Architect'16 ပြပွဲတွင်မိတ်ဆက် ပြသခဲ့ကြောင်းသိရသည်။အဆိုပါပြပွဲကို ထိုင်းနိုင်ငံ၊ မြောင်သောင်ဌာနီရှိ  Challenger Hall  တွင် ဧပြီ ၂၆ ရက်မှ မေ ၁ရက်အထိ ပြသ ခဲ့ ကြောင်းSCG ၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။SCG ဘိလပ်မြေ-ဆောက်လုပ်ရေးပစ္စည်းများ၏ တီထွင်ဆန်းသစ်မှုနှင့် နည်းပညာဒါရိုက်တာMr. Sanit Ketsuwan က Architect'16 ပြပွဲမှာဆိုရင်SCG ကDiscover Next By SCG Experience  ဆိုတဲ့အယူအဆနဲ့ အိမ်တွင်းအလှဆင်ရေး တီထွင်ဖန်တီးမှုနဲ့နည်းပညာတွေကိုပြသထားပါတယ်။ သရီးဒီပရင့်တင်းနည်းပညာနဲ့ပြုလုပ်ထားတဲ့ ၂၁ရာစု ဃ လိုဏ်ဂူဟာဆိုရင် အာဆီယံမှာ ပထမဦးဆုံးသရီးဒီပရင့်တင်းနည်းပညာနဲ့ပြုလုပ်ထားတဲ့ ဘိလပ်မြေအဆောက် အအုံသစ်ဖြစ်ပြီး သုံးမီတာအ ထက်မြင့်မားပါ တယ်'' ဟု ပြောကြားခဲ့သည်။ှSCG ဘိလပ်မြေအနေဖြင့်အဆင့်မြင့်နည်းပညာများ ဖြင့်တီထွင်ဆန်းသစ်ထားသည့်ဘိလပ်မြေအမိုးပြားများ၊ ဘုတ်ပြားများ၊ သက်ကြီးရွယ်အိုများအားလဲကျခြင်းမှကာကွယ်ပေးမည့် အသုံးအဆောင်ပစ္စည်း များကို ဖန်တီးထုတ် လုပ်ထားပြီး အဆိုပါပြပွဲတွင် ထည့်သွင်းပြသခဲ့ကြောင်း သိရ သည်။
မယ်သီတာ

 

International Trade News

Pages