ဥရောပသမဂ္ဂနိုင်ငံများသို့ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် စည်းကြပ်သော ထုတ်ကုန်ပစ္စည်းဆိုင်ရာ ထိန်းသိမ်းမှုစည်းမျဉ်း (Biocidal Product Regulation-BPR)

Tue, 02/23/2016 - 08:14 -- ictuser

       ဥရောပသမဂ္ဂကော်မရှင်၊ ကျန်းမာရေးနှင့် စားသောက်ကုန်လုံခြုံရေးညွှန်ကြားမှုဦးစီးဌာနသည် ဥရောပသမဂ္ဂ၏ ဇီဝဘေးထွက်ဆိုးကျိုးရှိသော ကုန်ထုတ်ပစ္စည်းဆိုင်ရာထိန်းသိမ်းမှုစည်းမျဉ်း (BPR) ၅၂၈/၂၀၁၂ အား (၁-၉-၂၀၁၃) ရက်မှ စတင်၍ အသုံးပြုလျက်ရှိပါသည်။ အဆိုပါစည်းမျဉ်းသည် ဇီဝဘေးထွက်ဆိုးကျိုးရှိသော ထုတ်ကုန်ပစ္စည်းများအပေါ်တွင်သာမကဘဲ ဇီဝဘေးထွက်ဆိုးကျိုးရှိသည်ဟု သတ်မှတ်ထားသော အခြားထုတ်ကုန်ပစ္စည်းများအပေါ်တွင်လည်း စည်းကြပ်မှုရှိပါသည်။ (၁-၃-၂၀၁၇) ရက်မှ စတင်၍ စမ်းသပ်စစ်ဆေးမှုမရှိသော ကုန်ပစ္စည်းများအား ဥရောပသမဂ္ဂဈေးကွက်အတွင်းသို့ ပေးသွင်းမည်မဟုတ်ပါ။ လက်ရှိစမ်းသပ်မခံရသော ကုန်ပစ္စည်းများအတွက် သီးခြားအတည်ပြုချက်ရယူခြင်း (သို့မဟုတ်) ဥရောပသမဂ္ဂအတွင်း စမ်းသပ် စစ်ဆေးခံခြင်း (သို့မဟုတ်) ထုတ်လုပ်သူကိုယ်တိုင် (သို့မဟုတ်) တတိယအဖွဲ့အစည်းတစ်ခု(Third Party) မှတဆင့် အတည်ပြုချက်ရရှိရန် လျှောက်လွှာတင်သွင်းနိုင်ခြင်း (သို့မဟုတ်) (၁-၉-၂၀၁၆) ရက်နေ့ နောက်ဆုံးထား၍ ဥရောပဓာတုပစ္စည်း အဖွဲ့ (European Chemicals Agency) သို့ အတည်ပြုချက်ရရှိရန် တင်သွင်းနိုင်ပါသည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိမေးမြန်းလိုပါက    [email protected] သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

International Trade News

Pages