အီးစီဘီရဲ့ စီးပွားရေးတွန်းအားပေးအစီအစဉ်က ထွန်းသစ်စ ဈေးကွက်များအတွက် အပြုသဘောအကျိုးသက်ရောက်

Thu, 05/05/2016 - 08:56 -- admin_ygn

  ယူရိုဇုန်ရဲ့ စီးပွားရေးကို တွန်း အားပေးမြှင့်တင်နိုင်ဖို့အတွက် ဥရောပ ဗဟိုဘဏ် (အီးစီဘီ)ကငွေကြေးစာချုပ် စာတမ်းတွေဝယ်ယူမယ့် အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကဖိလစ်ပိုင်နိုင်ငံအပါ အဝင်ထွန်းသစ်စနိုင်ငံများအတွက်အပြုသဘောအကျိုးသက်ရောက်မှု တွေဖြစ်စေနိုင်ကြောင်း ဖိလစ်ပိုင်ဗဟိုဘဏ် (Bank Sentral ng Philipinas-BSP) ရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီးဖိလစ်ပင်းသတင်းမှာ ဖော်ပြပါတယ်။ ''ဒီမူဝါဒ အီးယူစီးပွားရေးဖွံ့ဖြိုးမှု အတွက်စွမ်းဆောင်မှုပေး နိုင်သလို အီးယူရဲ့ကုန်သွယ်ဖက်တွေ ဖြစ်တဲ့ ထွန်းသစ်စဈေးကွက်တွေ အတွက်လည်း အပြုသဘော အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေနိုင်ပါ တယ်''လို့ BSP အုပ်ချုပ် ရေးမှူး အမန်ဒိုတဲတန်ကိုက ပြောပါတယ်။စီးပွားရေးဖွံ့ဖြိုးမှုနှုန်းနဲ့ ငွေကြေး ဖောင်းပွမှုနှုန်း ကျဆင်းနေတာကို တိုက်ဖျက်ဖို့အတွက် ချမှတ်ထားတဲ့အစီ အမံတွေအနက်တစ်ခုအဖြစ် ခြောက်လ နဲ့ နှစ် ၃၀ အတွင်း အချိန်စေ့ရောက် တော့မယ့် ကုမ္ပဏီဘွန်းစာချုပ်တွေကို အီးစီဘီကဇွန်မှစပြီး ဝယ်ယူဖို့ အီးစီဘီ ဥက္ကဋ္ဌမာရီယိုဒရပ်ဂီက ဧပြီ ၂၁ ရက်က ကြေညာခဲ့ပါတယ်။ ဒါပေမယ့် မတ်လ မှာအမေရိကန်ပြည်ထောင်စုရဲ့ အိမ်ဈေးတွေ ပြန်လည်မြင့်တက်ခဲ့ပါ တယ်။ မာရီယိုဒရပ်ဂီရဲ့ ကြေညာချက် ကြောင့်ဖြစ်ရတဲ့  ဂယက်ဟာ အမေ ရိကန်ပြည်ထောင်စုမှ သတင်းကောင်း တွေထွက်လာပြီးနောက် မှေးမှိန်သွား စေခဲ့ကြောင်းတဲတန်ကိုကပြောပါ တယ်။

International Trade News

Pages