အိန္ဒိယနိုင်ငံတွင် အွန်လိုင်းစိုက်ပျိုးရေးဈေး ပလက်ဖောင်းကို ဧပြီလ ၁၄ ရက်ကစတင်

Mon, 05/02/2016 - 09:27 -- admin_ygn

အိန္ဒိယနိုင်ငံတစ်ဝန်းမှ လက် ကားဈေးပေါင်း ၅၈၅ ခုကို ပေါင်းစည်းထားသည့် အမျိုးသားစိုက်ပျိုးရေးထွက် ကုန် ဈေးပလက်ဖောင်းကို ယခုတစ် ပတ်တွင် စတင်မည်ဖြစ်ကြောင်း ဧပြီ ၁၂ တွင် ဝန်ကြီးချုပ် နရိန္ဒရာမိုးဒိ က ပြောကြား ခဲ့ကြောင်း သိရသည်။ပလက်ဖောင်းစတင်ဆောင်ရွက် ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ တောင်သူလယ်သမားများအနေဖြင့် ၎င်းင်းတို့၏ ထွက်ကုန်ပစ္စည်းများကို ရောင်းချရန်အတွက် အခွင့်အလမ်းများ ပိုမိုပေးစွမ်းနိုင်ရန်ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် တွင် တောင်သူလယ်သမားများ၏ ဝင်ငွေနှစ်ဆတိုးလာရမည်ဟူသည့် ၎င်းင်း တို့၏ စီမံချက်အား အကောင်အထည် ဖော်မည့် အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ကြောင်း၊ အဆိုပါပလက်ဖောင်းကို  အကောင် အထည်ဖော် ရန် ပြီးခဲ့သည့် နှစ်ဇူလိုင်လက အတည်ပြုခဲ့ပြီး ရူပီး ကုဋေ ၂၀၀ ခန့် ကုန်ကျခဲ့ကြောင်း၊ ယခုနှစ်စက်တင်ဘာလမှစ၍ စိုက်ပျိုး ရေးထွက်ကုန်အမျိုးအမယ်ပေါင်း ၂၀၀ ကို ထုတ်ပြန်လိမ့်မည် ဖြစ်ကြောင်း သိရပါသည်။
လက်ရှိ အချိန်တွင် တောင်သူ လယ်သမားများမှာ ၎င်းင်းတို့၏ထွက်ကုန် များကို လက်ကားဈေးများတွင် ရောင်း ချရာ၌ အခွန်အမျိုးမျိုး ကောက်ခံနေ သည့်အတွက် ကန့်သတ်ချက်များ ရှိ နေသေးကြောင်း၊ ယခုဆောင်ရွက်မည့် အွန်လိုင်း စိုက်ပျိုးရေးထွက်ကုန်ဈေး သည် တောင်သူလယ်သမားများအနေ ဖြင့် ၎င်းင်းတို့၏ထွက်ကုန်များကို မြေပြင် ရှိလက်ကားဈေးများတွင် ရောင်းချနိုင် သကဲ့သို့ အွန်လိုင်းဈေးမှလည်း ရောင်း ချနိုင်မည်ဖြစ်သည့် အတွက် ရွေးချယ် ခွင့်များ ပိုမိုရရှိလာမည်ဟု မျှော်လင့်ပါ ကြောင်း၊ အွန်လိုင်းမှတစ်ဆင့်အလွယ် တကူရောင်းချနိုင်ခြင်းအားဖြင့် တောင်သူလယ်သမားများ၏ ဝင်ငွေ များမြှင့်တင်ပေးနိုင်ပြီး၊ အသင့်ရရှိနိုင် သည့် အခြေအနေများ တိုးတက်လာ ကာ ဈေးနှုန်းမြင့်တက်မှုကိုလည်း ထိန်း ညှိလာနိုင်ဖွယ် ရှိကြောင်း စိုက်ပျိုးရေး ဝန်ကြီး ရာဒါမန်မိုဟန်ဆင်း က ပြော ကြားထားကြောင်း သိရပါသည်။ထို့ပြင် မြေဆီလွှာစမ်းသပ်ခြင်း နှင့်ဓာတ်မြေသြဇာအသုံးပြုမှု သင့်တင့် မျှတစေခြင်းတို့ကို တိုးတက်ကောင်းမွန် စေရန် ရည်ရွယ်ထားသည့် တောင်သူ လယ်သမားများ၏ မြေယာများအတွက် မြေဆီလွှာအခြေအနေကတ်ပြားများ(Soil Health Card - SHC)ထုတ်ပေး ခြင်း အစီအစဉ်မှာလည်း အစိုးရ၏အရေးပါသည့် အစီအစဉ်တစ်ရပ်ဖြစ် ကြောင်း လယ်သမားများအတွက် ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်း ကောင်းမွန်လာစေနိုင်ကြောင်း ပြော ကြားထားပါသည်။အဆိုပါအစီအစဉ်အရ တောင် သူလယ်သမား သန်း၄၀သို့ မြေဆီလွှာ အခြေအနေကတ်ပြားများ စီစဉ်ပေးမည် ဟု ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကြေညာ ထားကြောင်း၊ ၂၀၁၆-၁၇ဘဏ္ဍာနှစ် တွင် မြေဆီလွှာစမ်းသပ်စစ်ဆေးသည့် ဓာတ်ခွဲခန်းပေါင်း ၃၆၀ ကို ထပ်တိုးဖွင့် လှစ်သွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ ပြည်နယ်ဓာတ်ခွဲခန်းများ၌ မြေဆီလွှာ စမ်းသပ်စစ်ဆေးနိုင်မှုမှာ နှစ်စဉ် ၁၇ ဒသမ ၈ သန်းမှ ၂၁ ဒသမ ၄ သန်းသို့ တိုးတက်လာမည်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ရက်တွင် တောင်သူ လယ်သမား ၁၄ သန်းအားsoil health cards များထုတ်ပေးလိမ့်မည်ဖြစ် ကြောင်း ၎င်းင်းကထည့်သွင်းပြောကြား ထားပါသည်။ထို့ပြင် အိန္ဒိယအစိုးရသည် တောင်သူလယ်သမားများအတွက် သီးနှံအာမခံစနစ် (crop insurance scheme) ကို ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းအစီအစဉ်မှ ရရှိနိုင်မည့်ရရှိနေ သည့် အကျိုးကျေးဇူးများဆိုင်ရာ သတင်းအချက်အလက်များကိုGram Panchayats နှင့်Krishi Vigyan Kendrasအသင်းအဖွဲ့များမှ တစ်ဆင့် တောင်သူ လယ်သမားများအား တိုက် ရိုက်စီစဉ်ထောက်ပံ့ခြင်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရှိရပါ သည်။
ယဉ်ယဉ်နွယ်၊ စီးပွားရေးသံမှူး
မြန်မာသံရုံး၊ နယူးဒေလီမြို့

 

International Trade News

Pages