အင်ဒိုနီးရှား အစိုးရက ပြည်တွင်းဆေးဝါးထုတ်လုပ်မှုကို အားပေး

Thu, 04/07/2016 - 05:13 -- admin_ygn

   အင်ဒိုနီးရှားအစိုးရက  ပြည်တွင်းဖြစ်ဆေးဝါးထုတ်ကုန်များနဲ့ဆေးဘက်ဆိုင်ရာကိရိယာများကိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်သွားဖို့ မတ် ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ (၁၁)ကြိမ်မြောက်စီးပွားရေး မူဝါဒမှာ ထည့်သွင်း ထားကြောင်း စီးပွားရေးဝန်ကြီး ဒါမင်းနာဆုရှင်းရဲ့ပြောကြားချက်ကို ကိုးကားပြီး ဂျကာတာပို့စ်သတင်းမှာဖော်ပြပါတယ်။အင်ဒိုနီးရှားနိုင်ငံရှိကုမ္ပဏီပေါင်း ၂၆၀ က ပြည်တွင်းဆေးဝါးလုပ်ငန်းရဲ့ ၇၆ရာခိုင်နှုန်းကိုထိန်း ချုပ်ထား ပါတယ်။ ကုမ္ပဏီအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းက အလယ်အလတ်နဲ့ အဆင့်နိမ့်နည်းပညာများကို အသုံးပြုပြီး ဆေးဝါးထုတ်ကုန်အမျိုးအစား ၆၀ ကိုထုတ်လုပ်ပါတယ်။ ဒါပေမယ့်ဆေးတစ်မျိုးမှာပါဝင်တဲ့ ဆေးဝါးကုန်ကြမ်း အမယ ်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းပါတယ်။''သွင်းကုန်အဓိကလွှမ်းမိုးတဲ့လုပ်ငန်းဖြစ်ခြင်းနဲ့အပြည်ပြည်ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုပေးဖို့အစိုးရကစီစဉ်ဆောင်ရွက်နေခြင်းစတဲ့ အချက်တွေကြောင့် ဆေးဝါးထုတ် လုပ်ရာမှာသုံးတဲ့ဆေးနဲ့ ဆေးအမယ်တွေကိုပြည်တွင်းမှာထုတ်လုပ်နိုင်အောင်ဆောင်ရွက်ဖို့ အစိုးရကဆန္ဒရှိနေပါတယ်''ဟု စီးပွားရေးဝန်ကြီး ဒါမင်းနာဆုရှင်းက မတ် ၂၉ ရက်က ပြောပါတယ်။ ယခင်နှစ်က   အကောင်အထည် ဖော်ခဲ့တဲ့ အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်မှာအနည်းဆုံး ဆေးဝါးအမျိုးအစား ၉၃၉ ခုကိုအသုံးပြုခဲ့ ကြောင်းသူကပြောပါတယ်။ထုတ်ဝေခဲ့တဲ့ဆေးဝါးအများစုမှာအကိုက်အခဲပျောက်ဆေး၊ ပါရာစီတမော၊ ပင်နီ စလင်နဲ့ ဗီတာမင် စတဲ့ဆေးတွေအပါအဝင်အခြေခံဆေးဝါးတွေ ဖြစ်ပါ တယ်။ အင်ဒိုနီးရှားမှာ ဆေးဝါးရောင်းချမှုမှရရှိတဲ့ ဝင်ငွေက ၂၀၁၅ ခုနှစ်မှာ အင်ဒိုနီးရှားသုံးငွေ ရူပြား ၆၂ ဒသမ ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ) ရှိခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံက ပြည်တွင်းထုတ်ကုန်အဖြစ် အဓိကထားထုတ်လုပ်မယ့်ဆေးဝါးအမျိုးအစားငါးမျိုး က ဇီဝနည်းပညာ၊ ကာကွယ်ဆေး၊ သစ်ဥသစ်ဖုမှ ထုတ်ယူတဲ့ပရဆေး၊   ဆေးဝါးကုန်ကြမ်းနဲ့ ဆေးဝါး သုံး ကိရိယာတွေ ဖြစ်ပါတယ်။ ဆေးဝါးများကို ထုတ်လုပ်ရာမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံ မှု၊ ပုဂ္ဂလိက ကုမ္ပဏီများနဲ့ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံပိုင်ကုမ္ပဏီ များအချင်းချင်းပူးပေါင်းဆောင်ရွက်မှုတို့ ဖွံ့ဖြိုးလာအောင် အစိုး ရကအားပေးသွားမှာ ဖြစ်ပါတယ်။

International Trade News

Pages