အင်ဒိုနီးရှားနိုင်ငံတွင် ကြွေးဆုံးများကြောင့် ဆုံးရှုံးနိုင်မှု အန္တရာယ်တည်ရှိနေဆဲဖြစ်

Tue, 03/29/2016 - 07:20 -- admin_ygn

 ကြွေးဆုံးများမြင့်တက်လာမယ့် အလားအလာက တည်ရှိနေဆဲဖြစ်တဲ့အတွက် ချေးငွေအတိုးနှုန်းများ ကျဆင်းလျက်ရှိတဲ့တိုင်အောင် အင်ဒိုနီးရှားနိုင်ငံမှာ ယခုနှစ်အတွင်းချေးငွေ ဖွံ့ဖြိုးတိုးတက်မှုနှုန်း ထူးထူး ခြားခြားဖွံ့ဖြိုးလာမယ့် လက္ခဏာမရှိကြောင်း စတန်းဒတ် အင်ပူးဝါး ချေးငွေ အကဲဖြတ်ရေး အဖွဲ့ ရဲ့ လေ့လာ ချက်စစ်တမ်းကို ကိုးကားပြီး ဂျကာတာပို့စ်အွန်လိုင်း သတင်းမှာဖော်ပြပါတယ်။ဘဏ်လုပ်ငန်းကဏ္ဍရဲ့ ချေးငွေအရည်အသွေး က ၂၀၁၅ ခုနှစ်မှာကျဆင်းခဲ့သလို ၂၀၁၆ ခုနှစ်မှာ လည်း ဆက်လက်ကျဆင်းဖွယ်ရှိနေတာကို စစ်တမ်း အစီရင်ခံစာအရသိရကြောင်း စတန်းဒတ်အင်ပူးဝါး အေဂျင်စီရဲ့ ချေးငွေစိစစ်ရေးမှူးနဲ့ ဘဏ္ဍာရေးအဆင့် သတ်မှတ်ရေးဒါရိုက်တာ အီဗန်တန်ကပြောပါတယ်။ကြွေးမြီပေးဆပ်နိုင်မှုအခြေအနေနည်းပါးလာတဲ့ Special Mention Loan အရေအတွက်မှာ ၂၀၁၅ ခုနှစ်ကတည်းကမြင့်တက်လာခဲ့တဲ့အတွက်ဘဏ်တွေမှာရှိတဲ့ သတ်မှတ်ချိန်အတွင်းအတိုး အရင်းပြန်ဆပ် နိုင်ခြင်းမရှိသေးတဲ့ချေးငွေ(Non-Performing Loan-NPL) များမှာဆက်လက်မြင့်တက်လာမယ့် အလား အလာများရှိနေဆဲဖြစ်ကြောင်းသူကပြောပါတယ်။ ဒီအခြေအနေကိုကြည့်ခြင်းအားဖြင့်ချေးငွေအရည် အသွေးကဆက်လက်ကျဆင်းမယ့် အလားအလာကို ပြနေကြောင်း သူကပြောပါတယ်။ကြွေးမြီပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုကာလရက် ၉၀ နီးပါးရှိနေတဲ့ချေးငွေများဖြစ်တဲ့Special Mention Loansတွေက ဆက်လက်မြင့် မားနေတဲ့အတွက် သတ်မှတ်ချိန်အတွင်း အတိုးအရင်းပြန်မသွင်းနိုင်သေးတဲ့ချေးငွေ စုစုပေါင်းကယခုနှစ် အတွင်းမှာ သုံးရာခိုင်နှုန်းအထိရှိနိုင်ကြောင်း မတ် ၂၂ ရက်ကပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ သူက ပြောပါတယ်။ ဘဏ်တွေမှာရှိတဲ့NPL ကြွေးမြီတန်ဖိုးစုစုပေါင်း က ဇန်နဝါရီမှာ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ် နိုဝင်ဘာကရှိခဲ့တဲ့ ၂ ဒသမ ၆ ရာခိုင်နှုန်း နဲ့ ဒီဇင်ဘာကရှိခဲ့တဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းတွေနဲ့ နှိုင်းယှဉ်ပါ ကမြင့်မားနေကြောင်း ဘဏ္ဍာရေးလုပ်ငန်း အာဏာပိုင်အဖွဲ့(Financial Services Authority-OJK) ရဲ့ ကိန်းဂဏန်းများအရ သိရပါတယ်။

International Trade News

Pages