သကြားတန်ချိန် တန်ခုနစ်ရာကျော်ကို ခွဲတမ်းစနစ်နဲ့ အိန္ဒိယမှ အမေရိကန်သို့ တင်ပို့ခွင့်ပြု

Thu, 03/31/2016 - 06:48 -- admin_ygn

အိန္ဒိယအစိုးရက အမေရိကန်သို့ ခွဲတမ်းစနစ်နဲ့ စက်မှုကုန်ကြမ်း သကြားကြမ်း တန်ချိန် ၇၂၃ တန် တင်ပို့ဖို့ ခွင့်ပြုမိန့်ကို  ချပေးလိုက်တယ်လို့ မတ် ၂၃ ရက်က  moneycontrol.  အွန်လိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီလိုခွဲတမ်းချထား ပေးလိုက်တာဟာ ရော်ဘာဈေးကို အထောက်အကူပြုစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။အဆိုပါ ခွဲတမ်းစနစ်TRQ (tariff rate quota)  နဲ့တင်ပို့ခြင်းဆိုတာက သတ် မှတ်ထားတဲ့ပမာဏတစ်ခုကို သတ်မှတ် အခွန်နှုန်းထက် လျော့နည်းပေးဆောင်ခွင့်ပြုထားခြင်းဖြစ်ပါတယ်။TRQ နဲ့တင်ပို့မယ့် ပြောင်း ၇၂၃ တန်ကို စက်တင်ဘာလ ၃၀ ရက်အထိကာလအတွင်း  တင်သွင်းရမှာဖြစ်တယ်လို့   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ပြည်ပကုန်သွယ်ရေး အထွေထွေဦးစီးဌာနDGFT (Directorate General of Foreign Trade) ရဲ့ ပြည်သူသို့ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။အကယ်၍ TRQ   နဲ့  တင်သွင်း ခွင့်ရထားတဲ့ ခွဲတမ်း ပမာဏထက်ကျော်လွန် တင်ပို့မယ်ဆိုရင်တော့ သတ်မှတ်အခွန်နှုန်းထားအတိုင်း ပေးဆောင်သွားရမှာ ဖြစ်ပါတယ်။ အကယ်၍ပင်ရင်းနိုင်ငံသက်သေခံလက်မှတ်(Certificate of country) လိုအပ်ပါကလည်း မွမ်ဘိုင်းရှိDGFT   ဌာနအနေနဲ့ အမေရိကန်သို့ သကြားတင်ပို့မှု အတွက်ထုတ်ပေးမယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယသကြား အများဆုံး တင်ပို့သောနိုင်ငံဖြစ်ပြီး ဘရာဇီးလ်နိုင်ငံက  ထိပ်ဆုံးမှာရှိနေပါတယ်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာအိန္ဒိယမှ ပြည်ပသို့သကြားတင်ပို့မှု ပမာဏ တန်ချိန် ၂၂၁ ဒသမ ၃၀ သိန်းကျော်ရှိပြီး ယမန်နှစ်ကာလတူ တင်ပို့မှုကလည်း ၂၂၁ ဒသမ ၅၇ သိန်းတင်ပို့နိုင်ခဲ့တယ်လို့moneycontrol. အွန်လိုင်းသတင်းမှာ ဖော်ပြထားပါ တယ်။

CMK

International Trade News

Pages