မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

Thu, 03/31/2016 - 07:02 -- admin_ygn

ယခုနှစ်အတွင်း အမေရိကန် ပြည်ထောင်စုဗဟိုဘဏ်က အတိုးနှုန်း တိုးမြှင့်ပေးတဲ့ အကြိမ်အရေအတွက်ကို မူလခန့်မှန်းထားတာထက် ပိုမိုဆောင် ရွက်မယ်လို့  ယူဆတဲ့အတွက်ကြောင့် လည်းကောင်း၊တရုတ်ဗဟိုဘဏ်က ယွမ် ငွေတန်ဖိုးကို   လျှော့ချလိုက်တဲ့အတွက် ကြောင့်လည်းကောင်း မတ် ၂၄ ရက်မှာ ထွန်းသစ်စ    အာရှဒေသရှိ   ငွေကြေး အများစုရဲ့   တန်ဖိုးတွေ   ကျဆင်းခဲ့ပါ တယ်။ ဧပြီမှာကျင်းပမယ့် အမေရိကန် ဗဟိုဘဏ်အစည်းအဝေးမှာ ဗဟိုဘဏ် အတိုးနှုန်း      မြှင့်တင်ဖို့စဉ်းစားသင့် ကြောင်းပြည်နယ်ဗဟိုဘဏ်အုပ်ချုပ် ရေးမှူးအချို့နဲ့   အခြားအရာရှိများက ထောက်ခံတဲ့အတွက် အဓိက ငွေကြေး ခြောက်ခုနဲ့  ဖလှယ်ရာမှာ အမေရိကန် ဒေါ်လာတန်ဖိုးကသီတင်းပတ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
ယွမ်ငွေကြေးကို  ဒေါ်လာတစ်ခု တည်းနဲ့သာမဟုတ်တော့ဘဲ အခြားငွေ ကြေးများနဲ့ပါချိတ်ဆက်ထားတော့မှာ ဖြစ်ကြောင်း တရုတ်ဗဟိုဘဏ်ကပြော ကြားပြီးနောက်ပိုင်း    ယွမ်ငွေကြေး အတက်အကျဖြစ်လာတာဟာ   အံ့သြ စရာ မဟုတ်တော့ကြောင်း  လေ့လာ အကဲ ခတ်သမားများက ပြောပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတွေကအရန်အတား တွေဆောင်ရွက် (ံနိါန) လာတဲ့ အတွက်   ငွေကြေးတန်ဖိုး   အတက် အကျရဲ့ ထိခိုက်မှုကကြီးကြီးမားမား ဖြစ်မ လာတော့ကြောင်း ံှဃြ ဘဏ် မှ လင်ဒဲက ပြောပါတယ်။

တရုတ်ယွမ်
တရုတ်ငွေကြေးတန်ဖိုးကျဆင်း မှုကြောင့် ကမ္ဘာ့ဈေးကွက်မှာ အခက် အခဲတွေဖြစ်ပေါ်စေပြီး    တရုတ်စီးပွား ရေးအခြေအနေအပေါ်မှာ   စိုးရိမ်မှု တွေဖြစ်ပေါ်စေခဲ့ပါတယ်။ယွမ်တန်ဖိုး ကျဆင်းလာတာဟာ ပို့ကုန်လုပ်ငန်းရှင် များအတွက် အထောက်အကူဖြစ်သော် လည်း အမေရိကန်ဒေါ်လာနဲ့ ပေးချေ ရတဲ့ပြည်တွင်းကုမ္ပဏီတွေကို ထိခိုက်စေခဲ့ပါတယ်။တရုတ်နိုင်ငံခြားငွေ ရောင်းဝယ် ရေးဌာန (ဃ့ငညေ ၤသမနငါည နထခ့ညေါန ွှမေိငညါ ှပျအနာ) မှာ မတ် ၂၄ ရက်က အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ တရုတ်ယွမ်ငွေတန်ဖိုးက ၂ဒသမ ၁၄ ရာခိုင်နှုန်းကျဆင်းပြီး အမေရိကန်ဒေါ် လာတစ်ဒေါ်လာကို ၆ ဒသမ ၅၁၅ ယွမ် နှုန်းရှိခဲ့ပါတယ်။

အိန္ဒိယရူပီး
အမေရိကန်ဒေါ်လာနဲ့ ဖလှယ် ရာမှာ နှစ်ရက်ကြာတန်ဖိုးကျဆင်းနေ တဲ့ အိန္ဒိယရူပီးတန်ဖိုးက  ရှယ်ယာဈေး ကွက်အတွင်းသို့ ပြည်ပရင်းနှီးငွေများ စီးဝင်လာတဲ့အတွက် မတ် ၂၃ရက်မှာ သုည ဒသမ ၀၇ ရူပီးနှုန်းမြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာကို ၆၆ ဒသမ ၆၄ ရူပီးနှုန်းရှိခဲ့ပါတယ်။  ရူပီးငွေကြေး နဲ့ အမေရိကန်ဒေါ်လာဖလှယ်နှုန်းက တစ်ဒေါ်လာကို ၆၆ဒသမ ၆၂ ရူပီး နဲ့ ၆၆ ဒသမ ၉၅ ရူပီးအကြား  အတက် အကျရှိခဲ့ပါတယ်။

ဂျပန်ယန်း
တိုကျိုဈေးကွက်မှာ  အမေရိကန် ဒေါ်လာနဲ့ ယန်းငွေကြေးဖလှယ်နှုန်းက တစ်ဒေါ်လာကို ၁၁၂ ဒသမ ၅ ယန်း ဝန်းကျင်မှာရှိနေပါတယ်။အမေရိကန်ဒေါ်လာနဲ့    ယန်း ဖလှယ်နှုန်းက   မတ် ၂၄ ရက်ညနေ ၅ နာရီက    နယူးယောက်ဈေးကွက်မှာ တစ်ဒေါ်လာကို ၁၁၂ ဒသမ ၈၅ ယန်းနဲ့ တိုကျိုဈေးကွက်မှာ  ၁၁၂ ဒသမ၈၅ ယန်းနှုန်းရှိခဲ့ရာမှ နောက်တစ်နေ့နံနက် ၉ နာရီမှာ တစ်ဒေါ်လာကို ၁၁၂ ဒသမ ၈၄ ယန်းနှုန်းဖြစ်ခဲ့ပါတယ်။
ယူရိုနဲ့   ဖလှယ်နှုန်းက မတ် ၂၄ ရက်ညနေက နယူးယောက်ဈေးကွက် မှာ တစ်ယူရိုကို  ၁ ဒသမ ၁၁၆၈ ဒေါ် လာနဲ့ ၁၂၆ ဒသမ ၁၀ ယန်းနှုန်းဖြင့် လည်းကောင်း၊တိုကျိုဈေးကွက်မှာ ၁ ဒသမ ၁၁၆၀ ဒေါ်လာနဲ့ ၁၂၅ ဒသမ ၉၄ ယန်းနှုန်းဖြင့်လည်းကောင်း  ရှိခဲ့ရာ မှ နောက်တစ်နံနက်မှာ ၁ ဒသမ ၁၁၆၇ ဒေါ်လာနဲ့ ၁၂၆ ယန်းနှုန်းရှိခဲ့ပါတယ်။

မလေးရှားရင်းဂစ်
အာရှဈေးကွက်မှာ ဒေါ်လာ တန်ဖိုးခိုင်မာနေပေမယ့် ရင်းဂစ်ကိုဝယ် လိုအားများနေတဲ့အတွက် မတ် ၂၅ ရက်က  အမေရိကန်ဒေါ်လာနဲ့ ဖလှယ် ရာမှာ   ရင်းဂစ်တန်ဖိုး    မြင့်တက်ခဲ့ပါ တယ်။ အမေရိကန်ဒေါ်လာနဲ့ ရင်းဂစ် ဖလှယ်နှုန်းက မတ် ၂၄ ရက် ညနေ ၅ နာရီမှာ တစ်ဒေါ်လာကို ၄ ဒသမ ၀၂၄၅ ရင်းဂစ်ရှိခဲ့ရာမှ နောက်တစ်နေ့နံနက် ၉ နာရီ ၃မိနစ်မှာ တစ်ဒေါ်လာကို ၄ ဒသမ ၀၁၈၀ ရင်းဂစ်နှုန်း  ရှိခဲ့ပါတယ်။ ဗြိတိသျှပေါင်စတာလင်မှအပ အခြား အဓိကငွေကြေးများနဲ့  ဖလှယ်ရာမှာ လည်း ရင်းဂစ်တန်ဖိုးမြင့်တက်ပါတယ်။

တောင်ကိုရီးယားဝမ်
အမေရိကန်   ပြည်ထောင်စုရဲ့ စီးပွားရေးကိန်းဂဏန်းများက   ခန့်မှန်း ထားသလောက်    မမြင့်တက်ခြင်းနဲ့ အမေရိကန်ဗဟိုဘဏ်က   အတိုးနှုန်း မြှင့်တင်မယ့်   လက္ခဏာပြသလာခြင်း တို့ကြောင့်  မတ် ၂၅ ရက်မှာ တောင်ကို ရီးယား စတော့ရှယ်ယာတန်ဖိုးများ ကျ ဆင်းခဲ့ပါတယ်။ ငွေကြေးဈေးကွက်မှာ ဝမ်ငွေကြေးတန်ဖိုးက မတ် ၂၄ရက်က ဖလှယ်နှုန်းနဲ့ နှိုင်းယှဉ်ရင် ၂ ဒသမ ၉၀ ဝမ်နှုန်းကျဆင်းပြီး နောက်တစ်နေ့မှာ တစ်ဒေါ်လာကို  ၁၁၆၉ ဒသမ ၂၀ ဝမ်နှုန်းရှိခဲ့ပါတယ်။

ထိုင်းဘတ်
ထိုင်းဗဟိုဘဏ်က  ထိုင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို မတ် ၂၃ ရက် က   တတိယအကြိမ်မြောက်  လျှော့ချ ခန့်မှန်းပြီး    ထိုင်းစီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်     ကျဆင်းနေကြောင်း ပြောကြားပြီးနောက်ပိုင်း    ထိုင်းဘတ်ငွေ တန်ဖိုးက    သီတင်းနှစ်ပတ်အတွင်း အနိမ့်ဆုံးကို     ရောက်ရှိခဲ့ပါတယ်။ ရွှေတင်သွင်းသူများက ဒေါ်လာဝယ်ယူလာတဲ့အတွက်လည်း      ထိုင်းဘတ် ငွေတန်ဖိုး ကျဆင်းစေခဲ့ပါတယ်။ မတ် ၂၅ ရက်မှာ ထိုင်းဘတ်တန်ဖိုးက  သုည ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး  အမေရိ ကန်   တစ်ဒေါ်လာကို၃၅ ဒသမ ၃၀ ဘတ်နှုန်းရှိခဲ့ပါတယ်။

International Trade News

Pages